ယခုနှစ် သင်္ကြန်ရေပက်ခံကား
ငှားရမ်းမှုမရှိသလောက်ဖြစ်နေပြီး ခရီးသွားကားကြီးများ
ငှားရမ်းမှုပိုများပြားနေသည်ဟု ကားအငှားလုပ်ငန်းရှင်များထံမှ သိရသည်။
”ဒီလောက်ရက်နီးနေတာတောင်လာမေးတဲ့လူ
နှစ်ယောက်ထက်မပိုဘူး။ အရင်နှစ်တွေဆို ဒီအချိန်ဆိုရင် သင်္ကြန်လည်ဖို့
ကားတောင် ရှာမရဘူး။ ငှားတဲ့ လူပြည့်နေပြီ။ အဓိ ကတော့
ကားတွေများလာလို့ထင်ပါတယ်”ဟု ဗိုလ်တ ထောင်မြို့နယ်မှ ‘မျိုး’
ကားအငှားလုပ်ငန်းပိုင်ရှင် မမျိုးက ပြောသည်။သင်္ကြန်လည် ကားငှားရမ်းမှု
နည်းပါး သကဲ့ သို့ ကားငှားရမ်းနိုင်ရန်အတွက်လာအပ်သည့် ကားများလည်း
ယခင်နှစ်များကဲ့သို့ များပြားမှုမရှိတော့ကြောင်း၊ ကားဟောင်းများကို
အပ်နှံလိုက်ခြင်းကြောင့် သင်္ကြန်လည် ကားများမှာ
နည်းပါးသွားခြင်းဖြစ်နိုင်သည်ဟု ၎င်းက သူ့အမြင်ကို ဆက်လက်ပြောသည်။
တာမွေမြို့နယ်
ကားအငှားလုပ်ငန်းလုပ်ကိုင်သူ ကိုစည်သူကလည်း ”ကိုယ့်လုပ်ငန်းတစ်ခုတည်းပဲ
မငှားရဘူး ထင်နေတာ။ တခြားကိုယ်နဲ့ အလုပ်တူ လုပ်နေတဲ့သူတွေ လည်း ဒီအတိုင်းပဲ
ဖြစ်နေပါတယ်”ဟု ပြောသည်။ သင်္ကြန်လည်ကား ငှားရမ်းမှုနည်းပါးခဲ့သော်လည်း ၄၅
ယောက်စီး၊ ၃၃ ယောက်စီး၊ ၂၄ ယောက်စီးနှင့် ၁၄ ယောက်စီး ခရီးသွားကားများမှာမူ
ယခင်နှစ်များထက် ပိုမိုများပြားလာခဲ့ ကြောင်း၊ သင်္ကြန်မတိုင်ခင် တစ်လအလို
ခန့်မှစ၍ ကြိုတင်စာရင်းပေးရခြင်း၊ စရန်ငွေပေးခြင်း ရှိနေကြောင်း ၎င်း က
ဆက်ပြောသည်။
ကားအငှားဈေးနှုန်းများမှာလည်း
ရက်ရှည်ငှားရမ်းမှု ကြိုတင်ငှားရမ်းမှုများသာ ပုံမှန်ဈေးနှုန်းအတိုင်း
ရှိနေပြီး ယခုအခါသင်္ကြန်နီးကပ်လာသည့်အတွက် ကားငှား ရမ်းခနှုန်း ထားမှာ
မြင့်တက်နေကြောင်း ဗိုလ်တထောင်မြို့နယ်မှ ကားအငှားလုပ်ငန်းရှင်
ကိုသန်းလှိုင်က ပြောသည်။ လက်ရှိ ကားအငှားဈေးကွက်၌ ငှားရမ်းမှု နှုန်းများမှာ
၄၅ ယော က်စီး ကားကြီး တစ်ရက် ကျပ် သုံးသိန်း၊ ၃၃ ယောက်စီး တစ်ရက် ကျပ်
နှစ်သိန်းခွဲ၊ High ACE ကျပ်တစ်သိန်းရှစ်သောင်း၊ ၂၄ ယောက်စီးမီနီဘတ်စ်
တစ်ရက် ကျပ် နှစ် သိန်းနှုန်းရှိကြောင်း ငှားရမ်း သည့်ရက် အနည်းအများပေါ်
မူတည်၍ ဈေးနှုန်းပြင်ဆင်ပေးကြောင်း သိရသည်။

No comments :
Post a Comment