Blogger Widgets

Tuesday 18 March 2014

လှချင်သူများ သတိထားရမည့် ဖြစ်ရပ်လေးတစ်ခု

အေသင်အောင်

တရုတ် နိုင်ငံ၊ ဂန်ဆူ ပြည်နယ် မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ ဆယ်ကျော်သက် အရွယ်က မျက်နှာကို လှပဖို့ ဆေးထိုးမှု ပြုလုပ် ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်တွေ ကြာလာတာ နဲ့ အမျှဆေးရဲ့နောက် ဆက်တွဲ အကျိုးဆက် တွေကို ခံစား နေရပြီး လက်ရှိ အချိန်မှာ အဲ့ဒီ အမျိုးသမီးရဲ့မျက်နှာဟာ ပွယောင်း ယောင်းနဲ့ ကြည့်ရ အလွန်ဆိုးသွား ခဲ့ပြီ ဖြစ်ပါတယ်။

ဒီ အမျိုးသမီး ဟာ အသက် ၁၇ နှစ် အရွယ်မှာ သူ့ရဲ့အလုပ်ရှင် ဖြစ်သူရဲ့ အကြံပေးမှု ကြောင့် မျက်နှာ ကိုလှပဖို့ ဆေးထိုးမှု ပြုလုပ် ခဲ့ပါတယ်။ တရုတ် နိုင်ငံမှာ ဒီလို ဆေးထိုးမှု ပြုလုပ် တဲ့ အမျိုးသမီး ပေါင်း မြောက်မြားစွာ ရှိနေ တယ်လို့ ဆိုပါတယ်။ အစောပိုင်းမှာ ဆေးရဲ့ အရှိန်ကြောင့် မျက်နှာ ကလေးဟာ ပန်းနုရောင် သန်းနေပြီး ချစ်စရာ အလွန် ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ နှစ်တွေကြာ လာတာနဲ့ အမျှ ဆေးမှာ ပါဝင်တဲ့ အာနိသင်ဟာ မျက်နှာက တစ်သျှူး တွေနဲ့ ဓာတ်မတည့် ဖြစ်လာပြီး ပွယောင်း ယောင်း အဖြစ်ကို ရောက်ရှိ သွားခဲ့ပါတယ်။ ဂန်ဆူပြည်နယ်က အမျိုးသမီး က သူ့ရဲ့အဖြစ် ကို အရမ်း စိတ်ထိခိုက်ပြီး ဒီလိုမျိုး ဖြစ်ခဲ့ရင် လုပ်မိမှာ မဟုတ်ဘူး လို့ ပြောကြား ခဲ့ပါတယ်။ မျက်နှာကို ခွဲစိတ် ကုသမှုပြုလုပ်ရင် ပြန်လည် သက်သာ လာ ဖို့ရှိနေ ပေမယ့် ကုန်ကျ ငွေကြေး က များပြားလွန်း တာမို့ တတ်နိုင် ဖွယ်ရှိမှာ မဟုတ်ဘူးလို့ အဲ့ဒီ အမျိုးသမီးက ဖွင့်ဟ ခဲ့ပါ တယ်။ တရုတ် နိုင်ငံက အလှပြင် ဆိုင်တွေဟာ Hydrophilic Polyacrylamide gel ကို အသုံးပြုပြီး မျက်နှာကို ဆေးထိုးမှု တွေ ပြုလုပ် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒီပစ္စည်းကို တရုတ် အစိုးရက ပိတ်ပင် လိုက်ပေမယ့် ဆေးထိုး ခဲ့တဲ့ အမျိုးသမီး အရေအတွက် ၃၀၀၀၀၀ အထိရှိခဲ့ တယ်လို့ သိရ ပါတယ်။ သဘာဝ ကို လွန်ဆန်ပြီး ဓာတုဗေဒ နည်းနဲ့ အလှ ပြင်ဆင် မှု ပြုလုပ် ခဲ့တဲ့ တရုတ် အမျိုးသမီးရဲ့ ဖြစ်ရပ် ကို နမူနာယူပြီး ရှောင်ရှား သွားရမှာ ဖြစ်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top