နေပြည်တော်၊ မတ် ၃၀
၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် စင်္ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်မှ စင်္ကာပူလေကြောင်းလိုင်း MI-518 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပါလာမည့် ဩစတေးလျနိုင်ငံသား Mr.Seng du LAPHAI သည် ဩစတေးလျနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်က ကလေးသူငယ် လိင်မှုကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ်(၄)နှစ်ကျခံခဲ့ရကြောင်း၊ ၎င်းအား NCOS မှတ်တမ်းတွင် အလယ်အလတ်အဆင့် အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ထားသဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာပါက အန္တရာယ် ရှိနိုင်ကြောင်း ရန်ကုန်မြို့၊ ဩစတေးလျသံရုံး၊ AFP ရဲဆက်ဆံရေးအရာရှိမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပဆိုက်ရောက်ကောင်တာတွင် လေကြောင်း ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကြိုတင်စောင့်ဆိုင်းနေခဲ့သည်။
ထိုသို့စောင့်ဆိုင်းနေစဉ် Mr.Seng du LAPHAI၊ ဇနီးဆိုသူ Mrs.Mon Saing နှင့် သမီးဖြစ်သူ Miss Laphai Tsawmmunja တို့ ၃ ဦးသည် ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် စင်္ကာပူလေကြောင်းလိုင်း MI-518 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ပူးပေါင်းအဖွဲ့မှတားဆီးခဲ့ပြီး Mrs.Mon Saing နှင့် Miss Laphai Tsawmmunja တို့ ၂ ဦးအား မြန်မာနိုင်ငံတွင် ဗီဇာဖြင့်နေထိုင်လိုပါက နေထိုင်ခွင့်ပြုကြောင်း၊ ထိုသို့မဟုတ်ဘဲ Mr.Seng du LAPHAI နှင့်အတူ ပြန်လည်လိုက်ပါလိုက လိုက်ပါနိုင်ကြောင်း သဘောဆန္ဒတောင်းခံခဲ့ရာ ပြန်လည် လိုက်ပါလိုကြောင်း ဆန္ဒပြုသဖြင့် ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် Mr.Seng du LAPHAI ပါ(၃)ဦးတို့အား MI-517 လေယာဉ်ခရီးစဉ်ဖြင့် စင်္ကာပူနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သတင်း ရရှိသည်။

No comments :
Post a Comment