Blogger Widgets

Tuesday 25 March 2014

မြန်မာ ကယန်းမိန်းကလေးတွေကို အားကျပြီး လည်ပင်းမှာ ကြေးခွေတွေစွပ်ပြီးနေတဲ့ အမေရိကန်က အမျိုးသမီး

ကယန်း အမျိုးသမီး တွေကို အားကျပြီး အမေရိကန် နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ အဲဒီ ပုံစံ အတိုင်း ပြုလုပ် ခဲ့တယ်လို့ သိရ ပါတယ်။ ရှေးအခါ က ကယန်း အမျိုးသမီး တွေ သာမက အမျိုသား တွေ လည်း လည်ပင်း မှာ ကြေးခွေ တွေ ၀တ်ဆင် လေ့ ရှိပါတယ်။ ယခုအခါ မျိုးမှာတော့ အမျိုးသမီးတွေပဲ ၀တ် ဆင် လေ့ ရှိကြပါတယ်။ ကယန်းအမျိုးသမီး တွေဟာ အသက် (၇)နှစ် အရွယ်မှာ ကြေး ခွေ စတင် ၀တ်ဆင် ခဲ့ပြီး အ သက် (၁၂)နှစ် အ ရွယ် မှာ ကြေးခွေ အဟောင်း ကို ဖြုတ်ပြီး ကြေး ခွေ ငါးခွေ စွပ်ပေး လေ့ရှိပါတယ်။ အသက် (၁၆) နှစ် ရောက်တဲ့အခါမှာ ကြေးခွေ အဟောင်း ကို ဖြုတ်ပြီး ကြေးခွေအသစ် နောက်ထပ် အ နည်းဆုံး (၉)ခွေ အထိ စွပ်လေ့ရှိပြီး အချို့က (၂၀)ခွေအထိ စွပ်လေ့ ရှိပါတယ်။ ဒီလို စွပ်ပြီး တဲ့ ကြေးခွေတွေကို ဘယ်တော့မှ မ လဲဘဲ တစ်သက်လုံး ၀တ်ဆင်သွားလေ့ရှိပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့ အိန်ဂျလိစ် မှာ နေထိုင် တဲ့ အသက် (၂၈)နှစ် အရွယ် ဆစ်ဒနီစမစ် ဟာ မြန်မာ-ထိုင်း နယ်စပ် မှာ နေထိုင်တဲ့ ကယန်းလူမျိုးတွေရဲ့ ရိုးရာဓ လေ့ကို နှစ်သက် သွားပြီး ကယန်းအမျိုး သမီး တွေအတိုင်း ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆစ်ဒနီဟာ ကယန်းလူမျိုးတွေအကြောင်း ကို National Geo- graphic ကနေ ကြည့် ရှုခဲ့တာဖြစ်ပါတယ်။ အသက် (၂၅)နှစ် အရွယ် မှာ ကြေးဝါကွင်း တွေ စတင်စွပ်ခဲ့ပြီး အ စောပိုင်းမှာ အသားကျဖို့ ရုန်းကန်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ကြေးဝါကွင်းတွေ လည်ပင်း ကို စတင်စွပ်ခါစမှာ အနည်းငယ်ရှက်မိသလို ဖြစ်ခဲ့ပြီး အလုပ်သွားလုပ်ရမှာ ဖုံးကွယ်သွား လေ့ရှိပေမယ့် နောက်ပိုင်းမှာ ထင်ထင် ရှား ရှား ၀တ်ဆင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကြေးဝါကွင်း တွေ ၀တ်ဆင် ထားတာမို့ ဆစ်ဒနီ စမစ်ရဲ့လည် ပင်းဟာ ရှည် လျား နေပြီး ပတ်ဝန်းကျင်ရဲ့ ဂရုစိုက်မှုကိုခံခဲ့ရပါတယ်။ ဒီလို ၀တ်ဆင် ထား ခြင်းကြောင့် ကားမောင်းရာမှာ အ ခက် အခဲ တွေဖြစ်တာကလွဲပြီး အခြား ပြဿနာ တွေမရှိ ကြောင်း ဆစ်ဒနီစမစ် က ဆက်လက် ဆိုခဲ့ပါ တယ်။ ကယ်လီ ဖိုးနီးယား အခြေစိုက် အရိုး အကြော ခွဲစိတ် ဆရာဝန် ဂျိုနာသန် က ဒီလို ၀တ်ဆင် ထားခြင်း ဟာ အန္တရာယ် ရှိကြောင်း သတိပေးခဲ့ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top