၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်းစာရင်း (မတ်-၃၀) ပထမနေ့ အစ္စလာမ် ဘာသာဝင် အိမ်ထောင်စုများ ကောက်ယူမှု့ အခြေအနေသတင်းများ
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုကို ယနေ့ မတ်လ ၃၀ ရက်နေ့မှ
နိုင်ငံအနှံ့အပြား စတင်ကောက်ခံနေပါတယ်။ ပထမနေ့ ကောက်ခံရာတွင်
တိုင်းရင်းသား/နိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏ အိမ်ထောင်စုများသို့
စာရင်းကောက်ခံရာတွင် ကြုံတွေရသည့် အခြေအနေများကို
စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး မှ
တာဝန်ရှိသူတစ်ဦးကို မေးမြန်းချက်အရ ရခိုင်ပြည်နယ်မှ
ရိုဟင်ဂျာဖြည့်ခွင့်မရှိ၍ သန်းခေါင်းစာရင်းကောက်ယူမှု အဆင်မပြောကြာင်း၊
ပြည်မ မှ နေရာဒေသ အချို့တွင် အဆင်မပြေမှုများ ပေါ်ပေါက်ခဲ့ပေးမယ့်
သက်ဆိုင်ရာကို ညှိုနိုင်းဆောင်ရွက်ခဲ့နိုင်ကြောင်း အများစု အဆင်ပြေကြောင်း
ပြောပါတယ်။
ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက် (PCN) ရဲ့ သန်းခေါင်စာရင်းကောက်ယူရေး
အထောက်အကူပြုကော်မတီ ဆက်သွယ်မေးမြန်းမှုနှင့် ၄င်းတို့
သတင်းထုတ်ပြန်ချက်များ၊ ဆိုရှယ်မီဒီယာများတွင် ရေးသားဖော်ပြချက်များအရ
ရခိုင်ပြည်နယ်မှ လွဲ၍ မြန်မာနိုင်ငံနေရာအများစုတွင် ဖြေဆိုကောက်ခံမှု
အဆင်ပြေခဲ့ကြောင်း၊ မြို့နယ်အချို့တွင် အစ္စလာမ်ဘာသာဝင်များကို
ဗမာလူမျိုးဖြည့်စွက်ရာတွင် အဆင်ပြေပေမယ့် အခြား
တိုင်းရင်းသားဖြည့်လိုသူများ 914 ကုဒ်အတွင်းသားဖြည့်ရန် ပြောကြာင်း
ဖြေဆိုသူပြောကြားသည့်အတိုင်း စာရင်းမသွင်းကြောင်း သိရှိပါတယ်။
M-Media မှ စုစည်းရသမျှ သန်းခေါင်းစာရင်းကောက်ခံမှု ပထမရက် အခြေအနေများကို စုစည်းတင်ဆက်လိုက်ပါတယ်။
အဆင်ပြေမှုများ
ရန်ကုန်
———-
မြို့နယ်အချို့တွင် လူမျိုးနေရာ ရိုဟင်ဂျာဖြည့်ရာ စာရင်းကောက်များမှာ ထည့်သွင်းပေးခဲ့ကြောင်း သိရှိရ၊

ရန်ကုန်တိုင်း မြို့နယ်အချို့မှ အစ္စလာမ်ဘာသာဝင်များ လူမျိုးဗမာ (501) ဖြေကြားရာ စာရင်းကောက်များ အသာတကြည်လက်ခံထည့်ပေးကြောင်းသိရှိရ
ပဲခူးတိုင်း အုတ်တွင်း၊ ညောင်လေးပင်၊ ရှမ်းပြည် ဝ အထူးဒေသ၊ ၊
ချင်းပြည်နယ်၊ ဒေါပုံ၊ သာကေတ၊ သင်္ကန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊
ပဲခူးတိုင်း အရှေ့ခြမ်း၊ တိုက်ကြီး၊ မော်လမြိုင်၊ ဗိုလ်တထောင်၊ ညောင်တုန်း၊
ပန်းတနော်၊ မေမြို့ ၊ မန္တလေးတိုင်း ဒေသများမှ အစ္စလာမ်ဘာဝင်များ
သန်းခေါင်စာရင်း ဖြေဆိုရာတွင် အဆင်ပြကြကြောင်းး လူမျိုးနေရာတွင်
ကုဒ်နံပါတ် 914(ပသီ) ဟု ဖြေဆိုသူ ရာခိုင်နှုန်းများကြောင်း သိရှိရ (Source:
PCN )
ပန်းတနော်
———–
ပန်းတနော်တွင် လူမျိုးအမည်နေရာတွင် 914 ဟုသာကောက်ခံသဖြင့် ကွပ်ကဲရေးမှုးရုံးသို့ သွားရောက်တိုင်ကြားရာ 914 နောက်တွင် ပသီ ဟုပြန်လည်ရေးသွင်းခွင့်ရခဲ့သည် ဟုသတင်းရရှိပါတယ်။ (Source: PCN )

မြေပုံ
——–
ရခိုင်ပြည်နယ် မြေပုံမြို့နယ် တွင် မနက်ဖြန်မှ သန်းကောင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း (Source: PCN )

ရခိုင်ပြည်နယ် ကျောက်နီမော်တွင် ကမန်-702 ကို အဆင်ပြေချောမွေ့စွာ ရေးသွင်းခဲ့ကြကြောင်းသတင်းရရှိပါတယ်။ (Source: PCN )
အဆင်မပြေမှု အခက်အခဲများ
———————————–
ရခိုင်ပြည်နယ်
————-
ရခိုင်ပြည်နယ်မှ မွတ်စလင် အများစု နေထိုင်ရာ မြို့နယ်များတွင် လူမျိုးရိုဟင်ဂျာဟု ဖြေဆိုမည် ပြော၍ စာရင်းမကောက်ပဲ ပြန်သွားကြောင်း ရိုဟင်ဂျာသတင်းဌာန တခုဖြစ်သော RB News ရဲ့ ဖော်ပြချက်များအရသိရှိရပါတယ်။

သံတွဲ
——-
သံတွဲမြို့မှ အစ္စလာမ်ဘာသာဝင်တချို့ အိမ်ကို စာရင်းကောက်ယူရာ ဘင်္ဂလီအတင်းထည့်ခိုင်းကြောင်း၊ အစ္စလာမ်ကိုးကွယ်သူများအတွက် 914 မှာသာထည့်ခွင့်ရှိကြောင်း၊ ရိုဟင်ဂျာလုံးဝ ပေးမထည့်ကြောင်း၊ ရိုဟင်ဂျာသာထည့်ချင်သူများ စာရင်းပါမှာ မဟုတ်ဘူးလို့ စာရင်းကောင်းများ

ပြောဆိုကြောင်း သံတွဲမြို့ခံ များရဲ့ ဆိုရှယ်မီဒီယာ များမှာ ဖော်ပြချက်များအရသိရှိရပါတယ်။
မော်လမြိုင်
————
မော်လမြိုင်မြို့ အနီးတဝိုက်မှ မွန် နှင့် ကရင်လူမျိုး အစ္စလာမ်ဘာသာဝင်များမှ သက်ဆိုင်ရာ မွန် ၊ ကရင်လူမျိုးများ ထည့်ခွင့်မရကြောင်း သိရှိရပါတယ်။

ပြည်
——-
——-
ပြည်မြို့မှ ရပ်ကွက်အချို့ရှိ မွတ်စလင် အိမ်ထောင်စုများ စာရင်းကောက်ရာတွင် လူမျိုးမေးခွန်းမမေးဘဲ 914 သာရေးသွားကြောင်း သိရှိရ
ပုသိမ်
——–
ပုသိမ်ဘက်က အောက်သက်ကယ်ရွာ ဘာသာမေးပြီး လူမျိုးမမေးပဲ ချန်ထားခဲ့ကြောင်း သတင်းရရှိ၊

ဇေယျဝတီ
————–
ဇေယျဝတီဘက်မှာ အစ္စလာမ်ဘာသာ ကုတ်နံပါတ် ၅၀၁ ပြောတော့ မဖြည့်ဘဲ ၉၁၄ ထဲ ဖြည့်ပါတယ်။ သူတို့ ၉၁၄ မဟုတ်ဘူး ဗမာလို့ပြောတော့ အစ္စလာမ်ဆို ၉၁၄ ပဲ ဖြည့်ရမယ်လို့ သင်တန်းမှာကတည်းက မှာထားပြီးဖြစ်ကြောင်း စာရင်းကောက်များတုံ့ပြန်

ပျဉ်းမနား
————
ပျဉ်းမနား ဦးကျေးရွာ လူမျိုး ၉၁၄ သာ ရေးမှတ်သွားကြောင်း၊ လူမျိုးနာမည်မရေးသွားကြောင်း သတင်းရရှိ

ပန်းတနော်မှာ သန်းခေါင်စာရင်းကောက်တာ လူမျိုး ပသီလို့ ဖြေတာကို အဖြည့်မခံပဲ စာရွက်အလွတ်ယူတဲ့ ဖြစ်စဉ် တခုဖြစ်ပွားခဲ့

၂၅ လမ်းမှာ အစ္စလာမ်ဘာသာကိုးကွယ်သူ ကရင်လူမျိုးကို ကရင်အဖြစ်လက်မခံပဲ ၉၁၄ သာဖြည့်ခွင့်ရှိဟု ညွှန်ကြားထားကြောင်း စာရင်းကောက်ပြောကြား

တာမွေ ဖို့မြေရပ်ကွက်မှ အိမ်ထောင်စု တစုကို စာရင်းကောက်ရာ ပသီ
ဖြေခဲ့ကြောင်း ညနေမှ ကောက်ကွက်နံပါတ်မှာလို့ ပြန်လာတဲ့အချိန် စာရွက်တွင်
ပသီကို ဖျက်ထားကြောင်းသိရပါတယ်။
အင်းစိန်မြို့နယ်တွှင် စာရင်းကောက်ဆရာမများမှ မွတ်ဆလင်
အိမ်ဆိုတာသိလျက်နှင့် ကိုးကွှယ်သည့် ဘာသာ ဗုဒ္ဓဘာသာလူမျိုး
မြန်မာဆိုပြီးထည့်မည်ဟု ပြောဆိုပြီး ပေါက်တောရပ်ကွက်တွင်းရှိ
မွတ်စလင်များအား လူမျိုးမြန်မာထည့်ရန် (မွတ်စလင် ဇာတ်ပျက်) တစ်ဦးမှ
လိုက်လံစည်းရုံး နေကြောင်း သတင်းရရှိပါတယ်။
ပဲခူး
———-
ယနေ့မနက်ပိုင်း ပဲခူးမြို့မှ ကောက်ကွက်နေရာတော်များများတွင် စရင်းကောက်များယူဆောင်လာခဲ့သော စာရွက်များတွင် ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာဟု ကြိုတင်ဖြည့်လာခဲ့ကြပါသည် သတိရှိသူအချို့က ထောက်ပြပြင်ဆင်ခိုင်းပါမှ ဖျက်၍ပြန်ပြင်းပေးပါသည်။လူမျိုးနေရာတွင် 914ကိုသာဖြည့်သွင်းပြီး အမည်ကိုထည့်သွင်းမရေး ပဲချန်လှပ်ထားခဲ့ကြပါသည်။ တာဝန်သိသူတို့က 1840 သို့ အကြောင်းကြားသောအခါ သက်ဆိုင်ရာ ဌာနများသို့ ခုမနက်ပဲ 914 ပသီ ကိုလ က်ခံဖြည့်သွင်းပေးဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြန်ပြောလာပါတယ်။ သို့ပေမဲ့ ခုညနေပိုင်းအထိ စာရင်းကောက်များက အထက်ပါအတိုင်းသာ ဆက်လက်ကောက်ယူနေပါကြောင်း သိရပါတယ်။

ကရင်ပြည်နယ်
——————-
ကရင်ပြည်နယ်ကော့ကရိတ်မြို့၌ 914 ပသီဟု ရေးပြပြီး ခြံပြင်ရောက်လျင် ခဲဖျက်နှင့် ဖျက်ပြီးပြင်ရေးနေကြောင်းဆက်သွှယ်ပြောကြားလာပါတယ်။

သန်းခေါင်းစာရင်းကောက်ယူရာတွင် စာရင်းကောက်များ မမှန်မကန်ဖြည့်သွင်းလျင်
လ.ဝ.က ဝန်ကြီးဌာနနှင့် UNFPA တို့ကို အောက်ပါ နံပါတ်များအတိုင်း
ချက်ခြင်းတိုင်ကြားနိုင်ကြောင်း သတင်းရရှိပါတယ်။
ဖုန်းနံပါတ်-1840 (သို့မဟုတ်) 067-4307369

သန်းခေါင်စာရင်းကောက်ခံမှုတွေ ကြုံတွေ့ရသည့် အဆင်ပြေမှု မပြေမှုများကို M-Media Email လိပ်စာ ( editor@m-mediagroup.com ) သို့မဟုတ် M-Media Facebook Page သို့ Message ဖြင့် ဆက်သွယ်ပေးပို့နိုင်ပါတယ်။
ပေးပို့လာတဲ့ အချက်အလက် အကြောင်းအရာများကိုသာ ဖော်ပြပြီး ပုဂ္ဂလအချက်အလက်များကို (လုံးဝ) ဖော်ပြမည် မဟုတ်ပါ ။

No comments :
Post a Comment