Blogger Widgets

Sunday 23 March 2014

ပြည်မြို့က ပြဿနာဖြစ်နေတဲ့ အထည်ချုပ်စက်ရုံ အပိတ်ခံရ

Photo: ပြည်မြို့က ပြဿနာဖြစ်နေတဲ့ အထည်ချုပ်စက်ရုံ အပိတ်ခံရ
Saturday, March 22, 2014

စက်ရုံဖွင့်တဲ့နေ့မှာ အကြီးအကျယ် ဆန္ဒပြမှုနဲ့ရင်ဆိုင်ရတဲ့ ပြည်မြို့က 
သီတာမြန်မာ အထည်ချုပ်စက်ရုံကို ပိတ်ဖို့ အာဏာပိုင်တို့က အင်္ဂါနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

လိုင်စင်တခု လိုအပ်နေလို့ ပိတ်ခိုင်းရတာဖြစ်ကြောင်း   မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ရှင်းပြပါတယ်။

“အဲဒီ စက်ရုံက ကုမ္မဏီလိုင်စင်ရှိတယ်။ စက်မှုစစ်ဆေးရေးခွင့်ပြုချက်လိုင်စင် မရှိလို့ စက်မှုဇုံကြီးကြပ်ရေးအဖွဲ့ရယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးအမိန့်နဲ့ ၁၈ ရက်နေ့က ပိတ်ခိုင်းလိုက်တာပါ။ 
ဆက်ပြီး ခိုးလည်နေမယ် ဆိုရင်တော့ ဥပဒေအတိုင်း အရေးယူမှာပါ။ 
အလုပ်သမားစုစုပေါင်း (၉၂) ယောက်ကိုလည်း နစ်နာကြေးသုံးလစာ ပေးဖို့ အလုပ်ရှင်နဲ့ ညှိနှိုင်းထားပြီးသားပါ” 

ပြီးခဲ့တဲ့ မတ် (၁၇)ရက်နေ့  စက်ရုံစတင်ဖွှင့်လှစ်ခဲ့တဲ့နေ့ကစတင်ပြီး စက်ရုံရှေ့မှာ အလုပ်သမား (၆၀) ကျော်က သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာပါ။

သပိတ်စခန်းကိုတော့  ဆန္ဒပြမှု (၄) ရက်မြောက်နေ့ဖြစ်တဲ့ မတ်လ (၂၀) ရက်နေ့ မွန်းလွဲပိုင်းမှာ ရုပ်သိမ်းခဲ့ကြောင်း အလုပ်သမားခေါင်းဆောင်တဦးဖြစ်တဲ့ မဆွေရည်မွန်က ဧရာဝတီကိုပြောပါတယ်။

“ကျမတို့ကို နစ်နာကြေး (၃)လစာပေးမယ်ဆိုလို့ ကျမတို့ သပိတ်စခန်း ဖျက်သိမ်းလိုက်တာပါ။ မတ်လ (၂၆) ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ပေးမယ်လို့ ပိုင်ရှင်တွေဘက်က ပြောပါတယ်။ 
နယ်ကလာလုပ်တဲ့ အလုပ်သမားတွေကိုတော့ အလုပ်သမားအဆောင်မှာ (၂၆) ရက်နေ့မတိုင်ခင်အထိ နေခွင့်ပေးထားပါတယ်။ တကယ်ဆို ကျမတို့ အများကြီးနစ်နာပါတယ်။ OT (အချိန်ပို) ကြေး လုံးဝမပေးပါဘူး” 
 -  
စက်ရုံ ပိတ်လိုက်ရခြင်းနဲ့ ပတ်သက်ပြီး အလုပ်ရှင်ဘက်ကို ဆက်သွယ်ပါသေးတယ်။ သို့သော်လည်း တုန့်ပြန်ချက် မရသေးပါဘူး။ 

ကောင်းမြတ်မင်း
ဧရာဝတီ

...

No comments :

Post a Comment

Blogger Widgets
Back to Top