Blogger Widgets

Sunday, 23 March 2014

ခါခါဘိုရာဇီကိုတက်မယ့် မြန်မာတောင်တက်သမားများ အစမ်းလေ့ကျင့်ဖို့ ယူနန်ကိုသွား

မြန်မာနိုင်ငံရဲ့ အမြင်ဆုံးတောင်ဖြစ်တဲ့ ခါခါဘိုရာဇီရေခဲတောင်ကို မတက်ခင် အစမ်းလေ့ကျင့်တဲ့အနေနဲ့ မြန်မာလက်ရွေးစင် တောင်တက်သမား ၆ယောက်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ထွက်ခွာသွားခဲ့ပါပြီ။ ဘယ်တောင်ကို အစမ်းလေ့ကျင့်တဲ့အနေနဲ့ သူတို့တက်ကြမှာပါလဲ။
ယူနန်ပြည်နယ် ရှန်ဂရီလာခရိုင်ထဲက ပေပေါင်း ၁၇၇ဝ၃ ရှိတဲ့ Hava ရေခဲ့တောင်ကို တက်ဖို့ မတ်လ ၂၂ရက်နေ့မှာတော့ မြန်မာ့လက်ရွေးစင် တောင်တက်သမား ၆ယောက်ဟာ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ ခါခါဘိုရာဇီထက် ပေ၂ထောင်ပဲနိမ့်တဲ့ Hava ရေခဲတောင်မှာ နှစ်ပတ်ကြာ သွားရောက်လေ့ကျင့်ကြမှာပါ။
ခါခါဘိုရာဇီတောင်ကို ဒီနှစ် စက်တင်ဘာလမှာ တက်ရောက်ဖို့မျှော်မှန်းထားပြီး မြန်မာတောင်တက် သမားတွေ တစ်ယောက်မှ ခါခါဘိုတောင်ထိပ်ကို ခြေမချနိုင်သေးတာကြောင့် အခုလိုတက်ဖို့ ကြိုးစားကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်မြောက်ဖျားက မြန်မာပြည်ရဲ့အမြင့်ဆုံးလို့ ယူဆထားတဲ့ ခါခါဘိုရာဇီ ရေခဲတောင်ကို ၁၉၉၆ခုနှစ်က ဂျပန်တောင်တက်သမား အိုဇာကီနဲ့ လမ်းပြ နမားဂျွန်ဆင်တို့ ပထမဆုံးအဖြစ် ခြေချနိုင်ခဲ့ပါတယ်။ တက္ကသိုလ် ခြေလျင်နဲ့တောင်တက်အသင်းဟာ အရပ်သားအစိုးရတက်လာချိန်ကစပြီး တောင်တက်လှုပ်ရှားမှုတွေကို အဓိကတိုးမြှင့်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနိုင်ဖို့ သဘာဝခေါ်သံ ဖောင်ဒေးရှင်းကို ထူထောင်ခဲ့ကြပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top