Blogger Widgets

Wednesday, 12 March 2014

မန္တလေးမြို့တော်၌ အမြင့်ဆုံး ဖြစ်လာမည့် ၂၈ ထပ်ဟိုတယ် တည်ဆောက်ခွင့်ပြု

မန္တလေးမြို့၌ အမြင့်ဆုံးဟိုတယ်တစ်လုံးဖြစ်လာမည့် အထပ်၂၈ ထပ်ပါဝင်တည်ဆောက်မည့် ဂရင်းပါ့ခ် (Grand Park) ဟိုတယ်ကို တည်ဆောက်ခွင့်ပြုပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနထံမှ သိရသည်။
“ကျွန်တော်တို့ခွင့်ပြုထားတာ အထပ် ၂၈ ထပ်ဟိုတယ်ပါ။ မန္တလေးမှာတော့ သူက အမြင့်ဆုံးဟိုတယ် ဖြစ်လာမှာပေါ့”ဟု ၎င်းဌာနမှ ဌာနမှူး ဦးမျိုးအောင်က ပြောသည်။
အထပ် ၂၈ ထပ် ပါဝင်တည်ဆောက်လျက်ရှိသော ဂရင်းပါ့ခ်ဟိုတယ်သည် မန္တလေးမြို့ ၈၄ လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားတွင် တည်ရှိပြီး ၎င်းဟိုတယ်ကို အေသုံးလုံး (AAA) ကုမ္ပဏီက ဆောက်လုပ် ခြင်းဖြစ်ပြီး ၂၀၁၃ နှစ်စပိုင်းက ဟိုတယ်ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကျခဲ့ပြီး လက်ရှိတွင် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
၎င်းဟိုတယ်ကို ကြယ်ပွင့်အဆင့်သတ်မှတ်ချက် မည်မျှနှင့် ဆောက်လုပ်သွားမည်ကို မသိရှိရသေး ကြောင်း “ကျွန်တော်တို့ဆောက်ချင်တာက အထပ် ၃၀၊ စည်ပင်က ခွင့်ပြုထားတာက ၂၈ ထပ်ဆိုတော့ စည်ပင်ကို တင်ပြထားတုန်းရှိပါသေးတယ်”ဟု ဟိုတယ်ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
အခန်းအရေအတွက် ၅၀၀ ကျော် ပါဝင်ဖွဲ့စည်းထားပြီး ဟိုတယ်တည်ဆောက်မှုလုပ်ငန်းများကို ၂၀၁၅ ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးရန် လျာထားကြောင်း ၎င်းက ဆိုသည်။
ခြံဝန်းဖြင့် လူနေမှုပုံစံရှိသော မန္တလေးမြို့တွင် အထပ်မြင့်အဆောက်အအုံ အရေအတွက် နည်းပါးပြီး အထပ်(၂၅)ထပ် ပါဝင်သော ဈေးချို မန်းမြန်မာပလာဇာသည် မန္တလေးမြို့တွင် ပထမဦးဆုံးသော အထပ် မြင့်အဆောက်အအုံတစ်ခုဖြစ်ကာ ယခုနှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ အထပ် ၂၈ ထပ်ဟိုတယ် ပြီးစီး ပါက ၎င်းသည် မန္တလေး၏ အထပ်မြင့်ဆုံး အဆောက်အအုံတစ်ခု ဖြစ်လာမည်။

No comments :

Post a Comment

Blogger Widgets
Back to Top