Blogger Widgets

Friday 28 March 2014

ရေခဲရေသောက်နေသူ အမျိုးသားရုတ်တရက် သေဆုံး

သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်၊ လေးဒေါင်ကန်လမ်းရှိ EPC ဝန်ထမ်းအိမ်ရာတွင် မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အပြင်က ပြန်လာစဉ်
ရေခဲရေသောက်ရာမှ ရုတ်တရက်သေဆုံးခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မ ရဲစခန်း မှ ရဲအရာရှိက ပြောကြားသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းတွင် နေသူ ကိုအောင်ဖြိုးပိုင်သည် ယင်းနေ့က အလုပ်ကိစ္စဖြင့် အပြင်သို့ သွားခဲ့ပြီး အဆိုပါ EPC ဝန်ထမ်းအိမ်ရာရှိ ကားစတေကာ လုပ်ငန်း အလုပ်ရှင်၏ တိုက်ခန်းထံသို့ ပြန်လာစဉ် ရေခဲသေတ္တာအတွင်းမှ ရေခဲရေ ယူသောက်ပြီး ခဏအကြာ နှုတ်ခမ်းများ ပြာလာပြီး စကားမေးမရဖြစ်ကာ စံပြဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
သတင်းအပြည့်အစုံကို မနက်ဖြန် မတ်လ ၂၈ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြပေးမညိဖြစ်ပါကြောင်း လေးစားစွာ အသိပေးပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top