မန္တလေးတိုင်းအတွင်း ဖွင့်လှစ်နေသော စင်တင်တေးဂီတ
ဖျော်ဖြေမှုလုပ်ငန်းများ၌ လုပ်ကိုင်နေသော အမျိုးသမီးများ
လူကုန်ကူးမှုမခံရစေရန် စည်းကမ်းချက်များ သတ်မှတ်ပေးထားပြီး
စောင့်ကြည့်ခြင်းများ လုပ်ဆောင်ထားကြောင်း တိုင်းဒေသကြီး
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး
က မတ်လ ၁၀ ရက်၌ မန္တလေးတိုင်းလွှတ်တော် န၀မအကြိမ် ပုံမှန်အစည်းအဝေးတွင်
ပြောသည်။
“မန္တလေးတိုင်းအတွင်းမှာ စင်တင်တေးဂီတဖျော်ဖြေမှုအတွက် စည်းကမ်းချက် ၃၃
ချက် သတ်မှတ်ထား ပြီး အဲဒီအချက်တွေနဲ့ကိုက်ညီတဲ့ ဆိုင်ကိုပဲ ဖွင့်ခွင့်ပေး
ပါတယ်။ အမျိုးသမီးတွေ ပြဿနာမတက်အောင်၊ လူကုန်ကူးမခံရအောင်လည်း စောင့်ကြည့်
စစ်ဆေးနေပါတယ်”ဟု ၀န်ကြီးက ဆက်လက်ပြောသည်။
စင်တင်တေးဂီတများတွင် တေးသီချင်းသီဆိုဖျော်ဖြေခြင်း၊
လမ်းလျှောက်ဖျော်ဖြေခြင်းများ လုပ်ကိုင်နေ သူများသည်
ဧည့်သည်စားပွဲဝိုင်းများတွင် အမြင်မတော် မနေရ၊ မထိုင်ရ၊ ညအချိန်
အလုပ်ပြန်ချိန်တွင် ဧည့်သည်နှင့် လိုက်မသွားရ စသည်တို့အပြင်
အခြားလိုအပ်ချက်ရှိသော စည်းကမ်းချက်များကို သတ်မှတ် ထားသည်။
ထိုစည်းကမ်းချက်များကို လိုက်နာခြင်း ရှိ၊မရှိ စစ်ဆေးရန်
စင်တင်တစ်ခုချင်းစီတွင် အုပ်ချုပ်သူနှစ်ဦးထား ရှိသည်ဟု ဆိုသည်။
စည်းကမ်းချက်များ ချမှတ်ဆောင်ရွက်နေသော်လည်း မန္တလေးတိုင်းအတွင်းမှ စင်
တင်ဖျော်ဖြေမှုအများစု၌ လုပ်ကိုင်နေသည့် မိန်းကလေးများ ငွေကြေးပေး
ပန်းကုံးစွပ်စေခြင်းမှာ တစ်ဖက် လှည့် လူကုန်ကူးခြင်းပင်ဖြစ်ကြောင်း၊
လုပ်ကိုင်နေသည့် အမျိုးသမီးအများစုမှာ မြန်မာအမျိုးသမီး
တိုင်းရင်းသူအများစုဖြစ်နေသဖြင့် ယဉ်ကျေးမှုထွန်းကားသော
မြန်မာနိုင်ငံ၏လားရာနှင့် သွေဖည်နေကြောင်း၊ ငွေရလွယ်သော
လုပ်ငန်းဖြစ်သောကြောင့် စိတ်ပါဝင်စားမှုများကာ မြန်မာ အမျိုးသမီးများ
စိတ်ဓာတ်ရေး ရာပျက်စီးမှု များလာနိုင်သဖြင့် သက်ဆိုင်ရာက စည်းကမ်းချက်အပြင်
ဖွင့်လှစ်မှုပိုင်းဆိုင်ရာများကို ပိုမို စိစစ်ဆောင်ရွက်စေ လိုကြောင်း
ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ဒေါ်တင်တင်မာက ပြောသည်။
“လမ်းမှားလိုက်နေတဲ့ အမျိုးသမီးငယ်တွေကို လမ်းကြောင်းမှန်ရောက်အောင်
ပူးပေါင်းဆောင်ရွက်ပေးဖို့ တင်ပြဆွေးနွေးတာဖြစ်ပါတယ်။ စင်တင်တေးဂီတမှာ လည်း
မြန်မာတိုင်းရင်းသားမျိုးနွယ်မိန်းကလေးတွေ အများဆုံး လုပ်ကိုင်နေတာကို
တွေ့ရပါတယ်။ ဒါတွေကို ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာ သက် ဆိုင်ရာအနေနဲ့
စဉ်းစားပေးဖို့ပါ”ဟု ၎င်းက ပြောသည်။

No comments :
Post a Comment