မန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ရန်
ပြင်ဆင်နေသည့် တယ်လီနောမြန်မာ ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်ရန် ဒီဇင်ဘာလ ၅
ရက်နေ့ တစ်ရက်အတွင်း လူ ၃၀၀၀ ခန့် အလုပ် လာရောက် လျှောက်ထားကြောင်း အဆိုပါ
ကုမ္ပဏီ၏ ဝန်ထမ်းရေးရာ အရာရှိချုပ် Mr. Tipayarat Kaewsringarm က
ပြောကြားသည်။
အလုပ်လျှောက်လို သူများသည် ကုမ္ပဏီက ခေါ်ယူသည့် လုပ်ငန်းနေရာ ၂၉ ခုတွင်
နှစ်သက်ရာကို လျှောက်ထားနိုင်ပြီး အင်ဂျင်နီယာနှင့် ဈေးကွက် ရှာဖွေရေး
ဝန်ထမ်းများကို အများဆုံး ခန့်အပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
တယ်လီနောမြန်မာ ကုမ္ပဏီတွင် ၂၀၁၄ ခုနှစ်အတွင်း မြန်မာလုပ်သား ၁၀၀၀
ခန့်ရန် စီစဉ်ထားပြီး လက်ရှိတွင် ကျွမ်းကျင်အဆင့် လုပ်သား ၁၅၀
ခန့်အပ်ထားသည့်အနက် မြန်မာလုပ်သား ၆၀ ရာခိုင်နှုန်းကျော် ပါဝင်ကြောင်း
ယင်းကုမ္ပဏီထံမှ သိရှိရသည်။
တယ်လီနောမြန်မာနှင့် အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဏီ နှစ်ခုလုံးတွင် အလုပ်
လျှောက်ထားကြောင်း ဧရာဝတီတိုင်းမှ လာရောက် အလုပ်လျှောက်ထားသည့် အသက် ၂၀
ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
မြန်မာဝန်ထမ်း ၉၉ ရာခိုင်နှုန်းအထိ ခန့်အပ် သွားမည်ဟု ကတိပေးထားသော
တယ်လီနောမြန်မာ ကုမ္ပဏီသည် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ရန်
လုပ်ငန်း လိုင်စင်ကို စောင့်ဆိုင်းနေပြီး ယခုနှစ်မကုန်မီ လိုင်စင်
ရရှိမည်ဟု မျှော်လင့်ထားကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

No comments :
Post a Comment