Blogger Widgets

Saturday, 7 December 2013

သင်္ဘောသီးနှင့်အသားအရေထိန်းသိမ်းနည်း

Photo: *** သင်္ဘောသီးနှင့်အသားအရေထိန်းသိမ်းနည်း ***

**သင်္ဘောသီးနှင့်မျက်နှာပေါင်းတင်နည်း**
(က) သင်္ဘောသီးမှည့်မှည့် ၁-ဖန်ခွက်တစ်စာပမာဏကို ပျားရည် စားပွဲတင်ဇွန်း ၂-ဇွန်း နဲ့ရောပြီး မွှေစက်ထဲထည့်မွှေပါ။ (သို့ မဟုတ်) သင်္ဘောသီးမှည့်မှည့် ကို ကျေ ညက်အောင်ချေပြီး ပျားရည်ဖြင့်သမအောင်မွှေပါ။ ထို့ နောက် ၄င်းအရည် ပျစ်ပျစ်ကို မျက်နှာအနှံ့ စက်ဝိုင်းပုံစံလှည့်၍လိမ်းကျံပြီး၊ မိနစ် ၂၀ အကြာမှာ ရေဆေး ချပေး လိုက်ပါ။ မျက်နှာ အသား အရေနူးညံ့ချောမွတ်သွားပါလိမ့်မည်။ (အကယ်၍ ပျားရည်အဆင်သင့်မရှိပါကသင်္ဘောသီးအနှစ်တစ်ခု တည်းဖြင့် လိမ်းကျံနိင်သည်)။ 

(ခ) သာမန်အသားအရေးရှိသူများအတွက် သင်္ဘောသီး၏အဖြူရောင်အစေးဖြင့် မျက်နှာပြင်ကို ပွတ်တိုက်ပေးပါက၊ အ သားအရေကို တောက်ပချောမွတ်စေနိုင်သည်။ 

(ဂ) ရေမချိုးခင် သင်္ဘောသီးအခွံဖြင့် မျက်နှာအနှံ့ အသာအယာပွတ်ပေးပြီး၊ ၂-မိနစ် လောက် အကြာမှာ မိမိတိုက်နေကျ မျက်နှာသစ် ဆပ်ပြာဖြင့်ရေချိုး၍ တစ်ပတ်
၂-ကြိမ်မျှလုပ်ပေးရုံဖြင့် နေလောင်ကွက် ကြောင့် မျက်နှာညိုမဲခြင်းမှ သက်သာ လာစေသည်။

**သင်္ဘောသီးနှင့်ခန္ဓာကိုယ်အသားအရေပေါင်းတင်နည်း**
သင်္ဘောသီးမှည့်မှည့်၊ မန်ကျည်းသီးအနှစ်နှင့် ပျားရည် တို့ ကို ရောစပ်ကာ သဘာဝ Spa အဖြစ်ငွေကုန်ကြေးကျမများဘဲ လွယ်လွယ်ကူကူ မိမိအိမ်မှာ တစ်ကိုယ်လုံး
ပေါင်းတင်နိုင်သည်။ ရှေးဦးစွာ သင်္ဘောသီးမှည့် တစ်ခြမ်းကို အစေ့ထုတ်ပြီး၊
အသားရောအခွံကိုပါ မွှေစက်ဖြင့် ကြေအောင်ချေပေးပါ။ ထို နော့က် မန်ကျည်းသီးမှည်
့အနှစ် စားပွဲ တင်ဇွန်း ၃-ဇွန်း နှင့် ပျားရည် စားပွဲတင်ဇွန်း ၂-ဇွန်းတို
့ဖြင့် သမအောင်ရောမွှေပြီး တစ်ကိုယ်လုံးကိုပွတ်လိမ်းပါ။ ၁၀ မိနစ်ခန့် 
အကြာတွင်၊ မိမိနှစ်သက်ရာ ဆပ်ပြာဖြင့် ရေချိုးသန့် စင်နိုင်သည်။ ထိုနည်းအတိုင်း
တစ်ပတ်လျှင် (၃)ကြိမ်ခန့်  လုပ်ပေးခြင်းဖြင့် အသားအရေကို နူးညံ့
တင်းရင်းချောမွေ့တောက် ပြောင်လာစေမှာ ဧကန်မုချပါ။

(ပေါက်ပေါက်.....မျှဝေသည်)
--
*promise.pauk*

No comments :

Post a Comment

Blogger Widgets
Back to Top