တပ်မတော်အတွင်း ယခုရက်ပိုင်း၌ ရာထူးအပြောင်းအလဲအချို့ ဖြစ်ပေါ်ခဲ့ကြောင်း
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ
စုံစမ်းသိရသည်။
ဇူလိုင် ၅ ရက်က ဖြစ်ပေါ်ခဲ့သော အဆိုပါ ရာထူးအပြောင်းအလဲတွင်
လစ်လပ်လျက်ရှိနေသော စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ)-၅ နေရာကို စစ်ဦးစီး
အရာရှိချုပ် (ကြည်း) ဗိုလ်ချုပ်မြထွန်းဦးအား တာဝန်ထမ်းဆောင်စေခြင်းမှာ
အမြင့်ဆုံး အပြောင်းအလဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားရေးမှူး နေရာကို
ဒုတိယ ညွှန်ကြားရေးမှူးအား တိုးမြှင့်တာဝန် ပေးလိုက်ကြောင်း သိရပါသည်။ ယခင်က
ကာကွယ်ရေး ၀န်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားရေးမှူးနေရာကို
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် တိုးမြှင့်တာဝန် ပေးအပ်ခံရသော
ဗိုလ်ချုပ်ကျော်ညွန့်က တာဝန်ယူခဲ့သည်။
"ဒီတစ်ခါ အမြင့်ဆုံး အပြောင်းအလဲက ကစထမှူး ရာထူးပါပဲ။ တခြားကျန်တဲ့
အကြီးပိုင်းတွေမှာတော့ အပြောင်းအလဲ မရှိပါဘူး" ဟု ကာကွယ်ရေး
ဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
တပ်မတော်၌ စစ်ဆင်ရေး အထူးအဖွဲ့မှူး (၅) နေရာရှိကာ ကစထ-၅ သည် ရန်ကုန်တိုင်းနှင့် နေပြည်တော်ကို ကွပ်ကဲမည်ဖြစ်ကြောင်း သိရသည်။ ကစထ-၁ သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့ကို ကွပ်ကဲရပါသည်။ ကစထ-၂ သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့ကို . . . . . |
ဗိုလ်ချုပ်မြထွန်းဦးသည် လက်ရှိအချိန်တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး
စစ်ဦးစီး အရာရှိချုပ် (ကြည်း)အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ခြင်းကြောင့်
အဆိုပါ တာဝန်ကို ကစထမှူး တာဝန်ဖြင့် ပူးတွဲထမ်းဆောင် မည်ဖြစ်ကြောင်း
စုံစမ်းသိရသည်။
အဆိုပါ သတင်းများနှင့် ပတ်သက်၍ ကာကွယ်ရေး ၀န်ကြီးဌာန၏
ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် အောင်သော်ထံသို့
ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
လက်ရှိအချိန်တွင် တပ်မတော်၌ စစ်ဆင်ရေး အထူးအဖွဲ့မှူး (၅) နေရာရှိကာ
ကစထ-၅ သည် ရန်ကုန်တိုင်းနှင့် နေပြည်တော်ကို ကွပ်ကဲမည်ဖြစ်ကြောင်း သိရသည်။
ကစထ-၁ သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့်
မန္တလေးတိုင်းတို့ကို ကွပ်ကဲရပါသည်။ ကစထ-၂ သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့်
ကယားပြည်နယ်တို့ကို ကွပ်ကဲကာ ကစထ-၃ သည် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့်
ပဲခူးတိုင်းတို့ကို ကွပ်ကဲရပါသည်။ ကစထ-၄ မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်
တနင်္သာရီတိုင်းတို့ကို တာဝန်ယူပြီး ကစထ-၅ မှာ ရန်ကုန်တိုင်း တစ်ခုတည်းကို
ကွပ်ကဲရပါသည်။ ယခင်က ကစထ-၆ အဖြစ် နေပြည်တော်ကို ကွပ်ကဲသည့်ရာထူး တစ်နေရာ
ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကစထ-၆ မရှိတော့သဖြင့် ကစထ-၅ က
ရန်ကုန်တိုင်းနှင့် နေပြည်တော်ကို ကွပ်ကဲရခြင်း ဖြစ်ပါသည်။

No comments :
Post a Comment