ရန်ကုန်တိုင်းဒေသကြီး၊
မြောက်ဥက္ကလာ (က) ရပ်ကွက် နွယ်သာကီ (၁) လမ်း အမှတ် (၇၁၄) အိမ်သို့ ဇူလိုင်
(၃) ရက် နံနက် ၂ နာရီခွဲ အချိန်တွင် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံ
များဌာနမှ လူ (၁၅) ဦးခန့်က ကြက်အရှင် (၆၀၀) ကောင်အား
ဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း သိရ သည်။
““ကျွန်တော်တို့က (၂) ရက် နေ့ညမှာ အာလဘူညီများ ကြက် ဘဲရောင်းဝယ်ရေးကနေပြီးတော့ ကြက်အကောင် (၆၀၀) အချိန် (၁၂၂၀) ၀ယ်ဈေးက ကျပ် (၃၃၀၀) နဲ့ အားလုံးပေါင်း ကျပ် (၃၃၆၆၀၀၀) ဖိုး ၀ယ်ခဲ့ပါတယ်။ ကျွန်တော်တို့ရတနာသိင်္ဂ (ဈ) ဈေးမှာ မရောင်းခင် အိမ်မှာခဏ ထားထားပါတယ်။ ကျွန်တော်တို့ ကအိမ်မှာ မသက်ပါဘူး။ ဈေးမှာ ပဲရောင်းတာပါ။ ရောင်းခွင့်လိုင် စင်လည်း ရှိပါတယ်။ ည ၂နာရီ ခွဲအချိန်မှာ ရပ်ကွက်လူကြီးလည်း မပါ၊ ရဲလည်းမပါ ဘာစာရွက်စာ တမ်းမှလည်း မပါဘဲနဲ့ အိမ်ထဲကို ၀င်ရောက်ပြီး ကြက်တွေကို ကား ပေါ်တင်ပြီး ဖမ်းသွားပါတယ်။ ကျွန်တော်တို့ကို လိုက်ခဲ့ဖို့ခေါ် တယ်။ ကျွန်တော်တို့က ရုံးကို ခေါ်တယ်ထင်လို့လိုက်သွားတာပါ။ ဟိုရောက်တော့ ကျွန်တော်တို့ ရှေ့မှာတင် တစ်ခြားဆိုင်ကို ကျပ် (၂၈၀၀) ဈေးနဲ့ လေလံပြန်ဆွဲပါ တယ်။ အခုလို ချက်ချင်းဖမ်း ချက်ချင်းလေလံဆွဲတဲ့ ဥပဒေရှိ လား။ ဒီကိစ္စကို ကျွန်တော်တို့ အတွက် ဘာတွေလုပ်ပေးမှာလဲ ဆိုတာလည်း သိချင်ပါတယ်။ မနက်ရောက်တော့ ဒီကိစ္စနဲ့ ပတ် သက်ပြီး ဌာနဆိုင်ရာတွေကို မေး တော့ သူတို့လည်း မသိပါဘူးတဲ့။ ကာယကံရှင်နဲ့ပဲဖြေရှင်းပါလို့ ပြောပါတယ်။ ကျွန်တော်တို့က နယ်ကနေလာပြီးခုပ်ရတာပါ။ ဒီလိုသာ အမြဲလုပ်နေရင် ကျွန်တော်တို့ စားဝတ်နေရေး ခက်ခဲသွားမှာပါ”” ဟု ကိုလှမျိုးက ပြောသည်။
““အမှတ်တစ်ကယ်လိုင်းပိုင်း ဆိုင်ရာ ရာအိမ်မှူးခေါ်ရမယ်၊ သက်ဆိုင်ရာ လူကြီးခေါ်ပြီးတော့ သူတို့လုပ်သင့်လုပ်ထိုက်တာ လုပ် ရမှာပါ။ ဖြစ်တဲ့အိမ်ကလည်း လူ မျိုးခြား ညအချိန်မတော်ကြီး လာဖမ်းတော့ မကောင်းပါဘူး”” ဟု ရာအိမ်မှူး ဦးအုန်းကျော်မှ သုံးသပ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဥက္ကလာ စည်ပင်သာယာ ရေးကော်မတီ တိရစ္ဆာန် ဆေးကု နှင့် သားသတ်ရုံများဌာနက ဇူလိုင် ၅ရက်တွင် ရှင်းလင်းရာ၌ ““ဦးလှမျိုးက (ဈ) ဈေးမှာ ကြက် သားရောင်းချခွင့်လိုင်စင်ရှိတယ်။ ဒါပေမဲ့ နေအိမ်လိပ်စာမှာ ကြက်၊ ဘဲရောင်းချခွင့် ထုတ်လုပ်ခွင့် လိုင်စင်က ကျွန်တော်တို့ဌာနမှာ ပြုလုပ်ထားခြင်းမရှိပါဘူး”” ဟု တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံ များဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။
(ဌ) ရပ်ကွက်နေကြက်၊ ဘဲ အသားထုတ်လုပ်ခွင့်လိုင်စင်ရှိသူ ဦးစိုးတင့်မှ ခရိုင်မှူးထံသို့ လိပ်မူ ၍ တိုင်ကြားလာသောကြောင့် ယခုကဲ့သို့ ၀င်ရောက်စစ်ဆေးအ ရေးယူခြင်းဖြစ်ကြောင်း ဌာနဆိုင် ရာ ခွင့်ပြုမိန့် တာဝန်တွင် သတ် ဖြတ်သည့်နေရာများကို အချိန် မရွေးဝင်ရောက် စစ်ဆေးရှာဖွေ ဖမ်းဆီးနိုင်ကြောင်းကြက်အကောင် ရေ (၆၀၀) သိမ်းယူခဲ့ခြင်း မဟုတ် ဘဲ ကြက်အကောင်ရေ (၄၅၀) သာ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိမ်းယူရာတွင် ကြက်အရှင် (၄၂၇) ကောင်နှင့် အသေ (၂၃) ကောင်ပါဝင်ကြောင်း ရောင်းချ ရာတွင် စုစုပေါင်း (၆၇၈.၄၅) ပိဿာအား ကျပ် တစ်ဆယ့်ရှစ် သိန်းကိုးသောင်းကိုးထောင်ခြောက် ရာ ခြောင်ဆယ်ကျပ်ဖြင့် ရောင်း ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းင်းကထပ်မံ ပြောသည်။

No comments :
Post a Comment