မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊
ကိုရီးယားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု
မြှင့်တင်မှုများ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြကြောင်း ဟိုတယ်နှင့်
ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။
ဇွန် ၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် (၃၈) ကြိမ်မြောက် အာဆီယံ
ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးနှင့် တစ်ဆက်တစ်စပ်တည်း
တတိယနေ့အဖြစ် ကျင်းပသော (၂၃) ကြိမ်မြောက် အာဆီယံ+၃ (တရုတ်၊ ဂျပန်၊
ကိုရီးယား) ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်လာသည့်
ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များနှင့် ဟိုတယ်နှင့်
ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်တို့
တွေ့ဆုံခဲ့ကြရာ၌ ယင်းသို့ထည့်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မြန်မာနှင့် အဆိုပါသုံးနိုင်ငံအကြား ခရီးသွား လုပ်ငန်းဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်
ရာလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များ၊
ကူညီပံ့ပိုးပေးရေးအတွက် ပညာသင်ဆုများ ထောက်ပံ့ပေးရေး ကိစ္စရပ်များကို
ယင်းသို့တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
မြန်မာနှင့် အဆိုပါသုံးနိုင်ငံအကြား ခရီးသွား လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင် ရာလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များ၊ ကူညီပံ့ပိုးပေးရေးအတွက် ပညာသင်ဆုများ ထောက်ပံ့ပေးရေး . . . . . |
(၂၃) ကြိမ်မြောက် အာဆီယံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်း
လုပ်ငန်းအာဏာပိုင်အဖွဲ့ အစည်းအဝေးကို ကျင်းပရာတွင်လည်း အာဆီယံနှင့်
မိတ်ဖက်နိုင်ငံများအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းမြှင့်တင်ရေး
ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
(၃၈) ကြိမ်မြောက် အာဆီယံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု မြင့်တက်လာရာတွင်
အာရှခရီးသွားများအနက် ထိုင်းလူမျိုး ခရီးသွားများက ပထမနေရာတွင် ရှိနေပြီး
ယင်းနောက်တွင် တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားဦးရေတို့ တည်ရှိနေသည်။

No comments :
Post a Comment