Blogger Widgets

Wednesday, 3 July 2013

မူးယစ်ဆေးဝါး အဓိကထွက်ရှိရာ နေရာများတွင် တားဆီးနိုင်ခြင်း မရှိသေးသဖြင့် မူးယစ်ဆေးဝါးများ ထုတ်လုပ်သုံးစွဲမှုနှုန်း မြင့်တက်လာ

tobacco-july3
ရန်ကုန်တွင် ဖျက်ဆီးမှု ပြုလုပ်မည့် ဘိန်းများအား တာဝန်ရှိသူမှ စစ်ဆေးမှု ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
မူးယစ်ဆေးဝါးများ သုံးစွဲမှုနှုန်း လျော့ကျသွားခြင်း မရှိခြင်းမှာ အဓိကထွက်ရှိရာ နေရာများတွင် တားဆီးနိုင်ခြင်း မရှိသေးသောကြောင့်ဟု မူးယစ်ဗဟိုအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ ဒုတိယရဲမှူးကြီး တင်အောင်ထံမှ သိရသည်။
ထို့ကြောင့် မကြာမီတွင် တားဆီးနှိမ်နင်းရေး စီမံချက်အား တစ်ပြည်လုံး အတိုင်းအတာနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး တင်အောင်ကဆိုသည်။
အဓိက ဘိန်းများထွက်ရှိရာ ရှမ်းပြည်နယ် နယ်စပ်ဒေသများသို့ မူးယစ်တားဆီးနှိမ်နင်းရေး အဖွဲ့အနေဖြင့် ရောက်ရှိနိုင်ခြင်း မရှိသေးသည့်အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအချို့မှာလည်း ဘိန်းထွက်ရှိနေကြောင်း ယင်းအချက်များအား အခွင့်ကောင်းယူသူများကို မတားဆီးနိုင်ခြင်းဖြစ်ကြောင်း ဒုတိယရဲမှူးကြီး တင်အောင်က ပြောကြားသည်။
တားဆီးနှိမ်နင်းရေး စီမံချက်အတွင်း အဓိက ဘိန်းထွက်ရာ နေရာများသို့ မူးယစ်ဗဟို ရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ရေကြောင်းရဲတပ်ဖွဲ့တို့မှ ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အမှုပေါင်း ၄၀၀၆ မှုမှ ပြစ်မှုကျူးလွန်သူ တရားခံ ၅၇၄၀ အား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး ယင်းတို့အထဲတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် မေလအတွင်းက '၀" အဖွဲ့မှ ထုတ်လုပ်ဖြန့်ဖြူးသည့် ဒေါ်လာသန်းငါးဆယ်ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံတွင်း ဘိန်းထွက်ရှိမှု အများစုမှ ရှမ်းပြည်နယ်အား မဟာဗျူဟာနဲ့ နည်းဗျူဟာများနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ထုတ်လုပ်မှု လျှော့ချရေးအပိုင်း၊ တားဆီးနှိမ်နင်းရေး၊ ပြည်သူလူထု ပူးပေါင်းပါဝင်နိုင်ရေး၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စွမ်းရည်မြှင့်တင်မှုနဲ့ မူးယစ်ဆေးဝါး ကင်းမဲ့ဇုန်ဖြစ်စေဖို့ လုပ်ငန်းစဉ် ၆ ရပ်ကို စီမံချက်ရေးဆွဲနေကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top