တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး
ဆွေးနွေးရာတွင် ဦးဆောင်ဦးရွက် ပြုရန်ဟူသော ရည်ရွယ်ချက်ဖြင့်
ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီအား
၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့်
ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ယင်းသို့ ပြင်ဆင်ဖွဲ့စည်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အသစ်များနှင့်
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် အသစ်များ ပါဝင်လာခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီသည်
သမ္မတဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကော်မတီတစ်ခုဖြစ်ပြီး
အတွင်းရေးမှူး ရာထူးကို ယခင်နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်
ဦးမင်းဇော်အစား လက်ရှိနိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူးချုပ်
ဦးလှထွန်းက ပြောင်းလဲတာဝန် ယူခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းဆောင်ရွက်နိုင်ရေး မူဝါဒ ချမှတ်ပေးခြင်း၊ ကြီးကြပ်ပေးခြင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သည့်အချိန်တွင် နိုင်ငံရပ်ခြား အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်း၊ ရန်ပုံငွေထူထောင်ခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ ကိစ္စများ . . . . . |
ထို့ပြင် အဖွဲ့ဝင်များအဖြစ် ယခင်ကာကွယ်ရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းအစား လက်ရှိကာကွယ်ရေးဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကလည်းကောင်း၊ ယခင်နယ်စပ်ရေးရာ ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးအစား
လက်ရှိနယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကိုလည်းကောင်း
ပြောင်းလဲတာဝန် ပေးအပ်ခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခုနှစ် မေ ၃
ရက်က သမ္မတဦးသိန်းစိန် အမိန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး
ယခင်အဖွဲ့ဝင် ဒုတိယသမ္မတဟောင်း သီဟသူရဦးတင်အောင်မြင့်ဦး ရာထူးမှ
နုတ်ထွက်သွားပြီးနောက် ၎င်းနေရာကို ၂၀၁၂ ခုနှစ် သြဂုတ် ၁၆ ရက်တွင်
ဒုတိယသမ္မတသစ် ဦးဥာဏ်ထွန်းဖြင့် အစားထိုးကာ ပထမအကြိမ်
ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း
ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီသည် ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းဆောင်ရွက်နိုင်ရေး
မူဝါဒ ချမှတ်ပေးခြင်း၊ ကြီးကြပ်ပေးခြင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းစဉ်များအတွက် လိုအပ်သည့်အချိန်တွင် နိုင်ငံရပ်ခြား
အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်း၊ ရန်ပုံငွေထူထောင်ခြင်းနှင့်
သုံးစွဲခြင်းဆိုင်ရာ ကိစ္စများကို လုပ်ထုံးလုပ်နည်းများ ရေးဆွဲဆောင်ရွက်
ပေးရမည်ဖြစ်ကြောင်း သိရသည်။

No comments :
Post a Comment