Blogger Widgets

Monday, 3 June 2013

ကချင်ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက် ( Video )

 ကချင် လက်နက်ကိုင် KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကိုယ်စားတွေကြား ဆွေးနွေးပွဲမှာ နှစ်ဖက်တပ်တွေအကြား ပစ်ခတ်မှု လျော့ချဖို့ အပါအ၀င် သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်၊ ၂ ဖက် လက်မှတ်ထိုးခဲ့ကြတဲ့ အချက်တွေထဲမှာ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေကြရတဲ့ ပြည်သူတွေ အတွက် ပြန်လည် ထူထောင်ရေးကို ဆက်ပြီး ညှိုနှိုင်း ဆောင်ရွက်ရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။ ဒုက္ခသည်တွေကတော့ ဒေသငြိမ်းချမ်းပြီး နေရပ်ပြန်နိုင်ဖို့ကို မျှော်လင့်နေကြပါတယ်။ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ကချင်ပြည်နယ် ၀ိုင်းမော်မြို့အတွင်းက ဒုက္ခသည်တွေကို ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး မေးမြန်းထားပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top