နေပြည်တော် ဇွန် ၇
နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်း အကောင် အထည်ဖော်ရေး နားလည်မှု စာတမ်း လက်မှတ် ရေးထိုးပွဲ

အခမ်းအနားကို နယ်စပ်ရေး ရာဝန်ကြီး ဌာန
ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ညနေ ၃ နာရီတွင် ကျင်းပရာ
ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက နယ်စပ်ရေးရာ
ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံးတို့
အနေဖြင့် ၂ဝဝ၅ ခုနှစ်မှ စ၍ ဒေသဖွံ့ဖြိုးရေး အသေးစား စီမံကိန်းများအား ၂ဝ၁၂
ခုနှစ်အထိ ကရင်ပြည်နယ်၊ မွန် ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌
ပူးပေါင်း ဆောင်ရွက်ခဲ့ရာမှာ စီမံကိန်း ဒေသများမှာ ရှိတဲ့ လူထုရဲ့ အခြေခံ
လိုအပ်ချက်များအား ဖြည့်ဆည်း ပေးနိုင်ခဲ့တာကို တွေ့ရှိရပါကြောင်း၊ ယခု
UNHCR နဲ့ လက်မှတ် ရေးထိုးသွားမယ့် နားလည်မှု စာတမ်းအရ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆
ခုနှစ်အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊
ချင်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင်
UNHCR ၏ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၅ သန်း ဖြင့် စီမံကိန်းဒေသ
အသီးသီးမှာ ရှိတဲ့ ပြည်သူလူထုများ အတွက် ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊
အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး၊ နေအိမ်၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊
အသက် မွေးဝမ်းကျောင်းမှု ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက် ပေးသွားမှာ
ဖြစ်ပါကြောင်း ပြော ကြားခဲ့သည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ
မဟာမင်းကြီးရုံး UNHCR ဌာနေ ကိုယ်စားလှယ် Mr. Johannes G-ten Feld က UNHCR ၏
ထည့်ဝင်မှု အနေဖြင့် မများပြားသော်လည်း လူအများအတွက် ထိရောက်ပြီး အရေးပါသော
အထောက် အကူပြု လုပ်ငန်းများအား ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အခြား
အဖွဲ့အစည်းများ၏ ကူညီမှုများဖြင့် ပြီးပြည့်စုံအောင် ဆောင်ရွက်
ပေးသွားနိုင်မည်ဟု ယုံကြည်မိပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နယ်စပ်ရေးရာ ဝန်ကြီးဌာန
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန
ညွှန်ကြားရေး မှူးချုပ် ဦးထွေးလှနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ
မင်းကြီးရုံး UNHCR ဌာနေကိုယ်စား လှယ် Mr. Johannes G-ten Feld တို့က
နားလည်မှုစာတမ်းကို လက်မှတ် ရေးထိုးကြသည်။

No comments :
Post a Comment