တပ်မတော်အစိုးရ
လက်ထက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက
ခန့်လေ့ရှိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI အမှုဆောင်သစ် ရွေးချယ်ပွဲကို
ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ကျင်းပရန် ပြင်ဆင်ပြီးနောက် စိတ်ဝင်စားမှု
မြင့်တက်လာပြီး အမှုဆောင် ၆၀ ခန့် ရွေးချယ်ရန်အတွက် ဝင်ရောက်
ရွေးချယ်ခံမည့်သူ ၂၀ ကျော်အထိ ရှိလာကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ
ကျင်းပသည့် ရွေးချယ်ပွဲဖြစ်ရန်အတွက် လက်ရှိ အမှုဆောင်များအားလုံး
နုတ်ထွက်ပေးပြီးမှ အသစ် ပြန်ရွေးချယ်မည့် စနစ်ကြောင့် ဝင်ရောက်
တာဝန်ယူလိုသူ ပိုများလာကြောင်း ၎င်းက ဆိုသည်။ “ဒီနေ့ ညနေ ၅ နာရီအထိ
စာရင်းအရဆို အရွေးခံမယ့်လူ ၂၀၀ ကျော်၊ မဲပေးမယ့်လူ တစ်ထောင်ကျော် ရှိတယ်”
ဟု ၎င်းက ဆိုသည်။ ၁၉၉၉ ခုနှစ်တွင် အသင်းချုပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက CEC နှင့် ဥက္ကဋ္ဌ အပါအဝင်
ဦးဆောင်သူများကို တိုက်ရိုက်ခန့်အပ်ခဲ့ရာ လက်ရှိ စီးပွားကူးသန်း
ဝန်ကြီးအဖြစ် တာဝန်ယူနေသူ ဦးဝင်းမြင့်က ၁၂ နှစ် ဆက်တိုက် ဦးဆောင်မှု
ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်အတွက် ရွေးချယ်စဉ် ဒီမိုကရေစီကျင့်စဉ်ကို
အပြည့်အဝ မကျင့်သုံးနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ဆန္ဒပြုမည့်ရက်ကို ဇွန်လ ၁၂ ရက်နေ့အထိ တိုးမြှင့်ပေးပြီး အမှုဆောင်များ၏
သက်တမ်းမှာ သုံးနှစ်အဖြစ် သတ်မှတ်ထား၍ စိတ်ဝင်စားမှု မြင့်တက်ခြင်း
ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ထုတ် The Voice Daily
သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :
Post a Comment