ယနေ့ တစ်နေကုန် မလေးရှားနိုင်ငံ ကွလာလမ်ပူမြို့ တွင်း နေရာ
တော်တော်များများဆက်တိုက် အော်ပရာစီဝင်ပြီး ယခု ညတွင်တော့
အများသိတဲ့အတိုင်း ပူချွန်း Tesco နောက်ကျောတွင် အော်ပရာစီ
စတင်နေပြီဖြစ်ပါတယ် ။
ယခုတင်ပင် မလေးရှားရောက် မြန်မာအဖွဲ့မှ သတင်းပေးပို့လာပြီး အကြောင်းအမျိုးမျိုးကြောင့် ပါမစ်လက်ဝယ်မရရှိသေးသူများအားလုံး သတိထားနိုင်ကြဖို့ အချိန်မှီတင်ဆက်ပေးလိုက်ရပါတယ် ။
ဆက်လက်ပြီး ယနေ့မှစ၍ မိမိတို့ပတ်ဝန်းကျင်ရှိ ထူးခြားဖြစ်စဉ်အားလုံးကို ကျွန်တော်တို့ မလေးရှားရောက် မြန်မာများစာမျက်နှာတွင် မဖြစ်မနေ တင်ဆက်ပေးပါရန် မလေးရှားရောက် မြန်မာအားလုံးအာ အသိပေးရပါတယ်ခင်ဗျာ ။

No comments :
Post a Comment