Blogger Widgets

Monday, 10 June 2013

စင်္ကာပူတွင် dengue ရောဂါဖြင့် ယခုနှစ်တွင်း ဒုတိယသေဆုံးသူဟာ Ang Mo Kio က ဖြစ်

စင်္ကာပူနိုင်ငံတွင် ခြောက်လှန့်လျက်ရှိသော ခြင်မှတဆင့် ကူးစက်သည့် dengue ရောဂါဖြင့် ယခုနှစ်တွင်း ဒုတိယသေဆုံးသူဟာ Ang Mo Kio တွင် နေထိုင်သူ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
ထိုအမျိုးသားသည် ဇွန်လ (၅)ရက်နေ့က အသက်ရှူမြန်ခြင်း ၊ ဖျားခြင်း ၊ ၎င်း၏ လက်ဝဲခြေထောက်တွင် အနီအကွက်များ ဖြစ်ပေါ်နေခြင်း ၊ ပျို့အန်ခြင်းတို့ကြောင့် Tan Tock Seng ဆေးရုံသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။
ဆေးရုံက ၎င်း၏ခြေထောက် ယောင်ရမ်းပြီး အနီကွက်များ ဖြစ်နေခြင်းအတွက် ရောရါရှာဖွေပြီး antibiotic တွေနဲ့ ဆေးညွှန်းပေးကာ polyclinic တွင် သွေးထပ်စစ်ဖို့ ညွှန်ကြားခြင်း ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။
ဇွန်(၇)ရက်နေ့မှာတော့ သူဟာ dengue ရောဂါဖြစ်နေကြောင်း သွေးအဖြေလွှာနဲ့ ဆေးရုံကို ပြန်လည် ရောက်ရှိလာခဲ့သူဖြစ်ကာ အရေးပေါ်ကုသဆောင်တွင် ထားပြီး ကုသရသည့် အခြေအနေသို့ ဖြစ်လာခဲ့ပြီး ဇွန်(၉)ရက် တနင်္ဂနွေနေ့တွင် သေဆုံးသွားခဲ့တာ ဖြစ်ကြောင်းလည်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top