Blogger Widgets

Monday, 10 June 2013

တန်ဖိုးနည်းဖုန်းအပေါ် ငွေပိုကောက်ခံသည့်အတွက် ရွာသားများမှမကျေနပ်

တန်ဖိုးနည်းဖုန်းများအား နိုင်ငံတော်မှ ငွေကျပ် 1500 ကျပ်နှုန်းဖြင့် ရောင်းချပေးနေသော်လည်း ရပ်ကွက် အုပ်ချုပ်ရေးရုံးတွင် နိုင်ငံတော်မှ ချထားပေးသည့် နှုန်းထားများထက် ပိုမိုရောင်းချခဲ့သဖြင့် ရွာသားများမှ မကျေနပ် မနပ်ဖြစ်နေကြကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး၊ ဖောင်ကြီးအရှေ့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တန်ဖိုးနည်းဖုန်းများအား ဒုတိယအကြိမ် မဲနှိက်ရောင်းချရာတွင် သတ်မှတ် ထားသည်ထက် ပိုမိုကောက်ခံသဖြင့် ရွာသားများမှမကျေနပ် ကြခြင်းဖြစ်သည်။ “ဖုန်းတွေက 1500 ဆိုတဲ့ဟာကို ရုံးက 2500 နဲ့ရောင်းတယ်။ ဘာကြေး၊ ညာကြေး၊ လမ်းကြေးဆိုပြီးတော့ ရောင်းတာ။ ရွာသားတွေကလည်း မပြောရဲကြဘူး။ ပထမတစ်ခါ ရောင်းတုန်းကတော့ 1500 နဲ့ပဲရောင်းတာ။ နောက်တစ်ခါ ရောင်းမှ ဈေးကိုပိုတောင်းပြီးတော့ရောင်းတာ။” ဟု ယင်းကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။ တန်ဖိုးနည်းဖုန်းများကို နိုင်ငံတော်မှ သက်သာသောနှုန်းထားများဖြင့် ပြည်သူများအား ဖုန်းကိုင်စေချင်သော ရည်ရွယ်ချက်ဖြင့် ချထားပေးခြင်းဖြစ်သည်။ ယင်းသို့ ပိုက်ဆံပိုမိုကောက်ခံခြင်းပြုပါက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများသို့ တိုင်ကြေားနိုင်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top