Blogger Widgets

Saturday, 1 June 2013

သာသနာရေးဝန်ကြီး ဦးဆန်းဆင့် အား သံဃာအချို့က ဖမ်းထားသူများလွတ်ပေးရန် အုတ်ခဲကိုင်ကာ ခြိမ်းခြောက် ပာုဆို

သာသနာရေးဝန်ကြီး ဦးဆန်းဆင့် နှင့် ပြည်နယ်ဝန်ကြီးရုံးမှ ဦးစိုင်းအောင်မြတ် တို့သည် ယမန်နေ့ ညနေ ၆း၀၀နာရီတွင် လားရှိုးမြို့၊ ရွှေခါးရိုးကျောင်းတိုက်သို့ ၀င်ရောက်ကာ အကြမ်းဖက်မှုတွင်ပါဝင်ပတ်သက်သည့် ကိုရင်များအား ၀င်ရောက်ဖမ်းဆီးရာ ကျောင်းရှိ အခြားသံဃာများက အုတ်ခဲများဖြင့် ၀ိုင်းဝန်းခြိမ်းခြောက်ကာ ဖမ်းဆီးထားသူများကို ပြန်လွတ်ပေးရန် တောင်းဆိုသဖြင့် ပြန်လွတ်ပေးခဲ့ရကြောင်းသိရသည်။
သံဃာအချို့မှ ပြည်ထောင်စုဝန်ကြီး အားအထက်ပါ အတိုင်းအုတ်ခဲကိုင်ကာ ခြိမ်းခြောက်မှုဖြစ်စဉ်ဖြစ်ပွားပုံကို
Wira Thu ဖဘ စာမျက်နှာတွင်ဖေါ်ပြထားသည်။မန္တလေးမြို့မှ ဘာသာရေး အဓိကရုန်းမှုထောင်ထွက် ၊သကာင်္န်းခြုံ ၀ီရသူ ဆိုသူသည် အစ္စလာမ်ဘာသာအား မပာုတ်မမှန်စော်ကားပောာပြောခြင်း၊မွတ်စလင်မ်ဆန့်ကျင်ရေး တရားများပောာပြောခြင်းစသည့် ရပာန်းတော်ဝိနည်းနှင့် ဆန့်ကျင်သည့် အပြုအမှုမျိုးကိုကျင့်သုံးသူတစ်ဦးဖြစ်သည်။
အထက်ပါဖြစ်ရပ်များဖြစ်ပွားပြီးနောက် လားရှိုးမြို့အတွင်း လက်နက်ကိုင်ဆောင်သွားလာခြင်း ဥပဒေမဲ့လုပ်ရပ်များ လုပ်ဆောင်ခြင်းများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သာသ နာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လိုက်လံပြောဆိုလျှက်ရှိကြောင်း ပြည်သူ့ခေတ် သတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။
ယနေ့နံနက်တွင် သာသနာရေးဝန်ကြီးနှင့်အဖွဲ့ လိုက်လံသတိပေးနေပုံ
ဓါတ်ပုံ ကို (ပြည်သူ့ခေတ်) မှကူးယူဖေါ်ပြသည်

No comments :

Post a Comment

Blogger Widgets
Back to Top