Blogger Widgets

Wednesday, 5 June 2013

မလေးရှား ရောက် မြန်မာ တွေ ရိုက်နှက် သတ်ဖြတ် ခံ ရမှု ပိုတိုးလာ

946950_355064204615749_1474304093_nမလေးရှားနိုင်ငံ ဆာလာယန်း  ခရိုင်  အန်းပန်း ရွာသစ်တွင် ဇွန်လ ၃ ရက်နေ့
 နံနက် က  မြန်မာနိုင်ငံသားတစ်ဦး အသတ် ခံရသည် ဟု FNG မှ သတင်း ရရှိ သည်။

မလေးရှား နိုင်ငံ သို့  ရောက် လာသည် မှာ ရက် ပိုင်း ခန့် သာ ရှိ သေး သည့် စောအားဆေး မှာ လည်း ရိုက် နှက် ခံ ရ ၍ စွန်ကိုင်း ဘူ ဆေး ရုံ တွင် အတွင်း
 လူ နာ အဖြစ်တက် ရောက် ကုသခံ နေရသည်။

ပုံမှန် အခွန် ကောက်ခံ မှု ပြု သော်လည်း မလေးရှား ရောက် မြန်မာ များ အား ကာကွယ် ပေး မှု လုံး ၀ မရှိသည့် မလေးရှား ရောက် မြန်မာ တို့  ၏ သတင်း ကို ကနဦး တွင် လှီးလွှဲ ပြော ဆို ခဲ့ သည့် သမ္မတ ရုံး ပြော ခွင့် ရ ပုဂ္ဂိုလ် ဦး ရဲ ထွတ် ကို လည်း ဝေဖန်မှု များ ပေါ် ထွက် နေသည်။

မလေး ရှား နိုင်ငံ ရောက် မြန်မာ လူ မျိုး တွေ ကို အုပ်စုဖွဲ့  ရိုက် နှက် ပြီး သတ် ပြစ် ခြင်း နဲ့  ချောင်း မြောင်း လုပ် ကြံ ခြင်း တွေ ရှိ နေ ပြီ လို့ စင်္ကာပူAsia One သတင်း မှာ ဖော် ပြထား ပါတယ်။ အသက် အန္တရာယ် ခြိမ်း ခြောက် ခံ ရ မှု ကြောင့် ရဲစခန်း ကို သွားရောက် တိုင် ကြား တဲ့ မြန်မာ တစ်ဦး ကို စခန်း က အထွက် မှာ အခြား လူ တစ်စု က သေနတ် နဲ့  ပစ်သတ် ရာ မှာ သေနတ် ကျဉ် ဆန် မထွက် လို့  အသက် ဘေး က လွတ် ခဲ့ တယ် လို့  သတင်း မှာ ဖော် ပြထား ပါတယ်။

အခြား လူ နှစ် ဦးက ဆလယမ်း မှာ အုပ်စု ဖွဲ့  ပြီး တုတ် ၊ ဓါး တွေ နဲ့  ရိုက် နှက် ခံ ရ တာ ကြောင့် ဆေး ရုံ တင် ထား ရပါတယ်။

မြန်မာ အစိုးရ ပြန်ကြားရေး ဒုဝန်ကြီး နဲ့  သမ္မတ ရုံး ပြော ခွင့် ရ ပုဂ္ဂိုလ် ဦး ရဲ ထွတ် က တော့ မလေးရှား မှာ မြန်မာ တွေ အရိုက် ခံရ တယ် ၊ အသတ် ခံ ရတယ် ဆို တဲ့ သတင်း တွေ အင်တာနက် ပေါ် မှာ တွေ့  တာဟာ ကောလ ဟာလ လို့  ဆို ပါတယ်။

ကွာလမ် လာ ပူ မှာ နေ တဲ့ ရန်ကုန် မြို့  က ကိုစိုးနိုင် က တော့ “စား ထိတ်ထိတ် သွား ထိတ်ထိတ် ပါ ဗျာ ၊ နှစ် ယောက် သေ ပြီး ကျန် တဲ့ လူ တစ်ချို့ လဲ ပျောက် နေတယ် ည နေ ဆို တာ နဲ့  အပြင် မထွက် ရဲ
 တော့ ဘူး” ဟု FNG ကို ပြောသည်။

မြန်မာ နိုင်ငံ တွင် စီးပွားရေး ကျဆင်း မှု နှင့် အလုပ် အကိုင် အခွင့် အလမ်း ဖန် တီး နိုင် မှု နည်း ခြင်း တို့  ကြောင့် မြန်မာ လူ မျိုး သိန်း နှင့် ချီ ၍ မလေး ရှား နိုင်ငံ တွင် အလုပ် လုပ် ကိုင် ကြသည်။

No comments :

Post a Comment

Blogger Widgets
Back to Top