Blogger Widgets

Monday, 10 June 2013

အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလအတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် မိုင်းကင်းမဲ့ဇုန်များ သတ်မှတ်ဖန်တီးပေးရန် အရပ်ဘက် အဖွဲ့အစည်းများ တောင်းဆို

prevskio-june9
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ မိုင်းနားကချင် ဒုက္ခသည်စခန်း (RC) ရှိ စစ်ပြေးဒုက္ခသည်များအား
မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

အစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလအတွင်း အပြစ်မဲ့ ပြည်သူများ၏ လူမှုဘ၀ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် မိုင်းကင်းမဲ့ဇုန် (စစ်မဲ့ဇုန်) များ သတ်မှတ်ဖန်တီးပေးရန် လူမှုကွန်ရက်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ပဋိပက္ခ ပြန်လည်ဖြစ်ပွားခဲ့ခြင်း နှစ်နှစ်ပြည့်အဖြစ် ဇွန် ၇ ရက်၌ ထုတ်ပြန်သော သဘောထား ကြေညာချက်တွင် တောင်းဆိုလိုက်သည်။

အစိုးရ နှင့် KIO တို့အကြား တာပိန်ရေအားလျှပ်စစ် စီမံကိန်းအား အကြောင်းပြုကာ ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်၌ ပြန်လည်စတင် ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများသည် နှစ်နှစ်ပြည့်မြောက်ခြင်း သဘောထား ကြေညာချက်ကို ကချင်လူမှု ကွန်ရက်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ စုစုပေါင်းအဖွဲ့ ၂၈ ဖွဲ့မှ ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။
   
နှစ်နှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၁၀) ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက်ဆုံးအကြိမ် မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲမှ အချက်ခုနစ်ချက်ပါ သဘောတူညီချက် တစ်စောင်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းသည် ထင်သာမြင်သာရှိသော တိုးတက်ပြောင်းလဲမှု ရလဒ်တစ်ရပ်အဖြစ် အသိအမှတ်ပြု ကြိုဆိုပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၏ အခန်းကဏ္ဍကို အထိုက်အလျောက် အလေးထား ဆွေးနွေးမှု ရှိလာခြင်း၊ အမျိုးသမီးအချို့အား ငြိမ်းချမ်း ရေးဆွေးနွေးသည့် စားပွဲတွင် ပါဝင်နေရာယူခွင့် ပေးလာခြင်းများကို အထူးသဖြင့် ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မိုင်းကင်းမဲ့ဇုန် (စစ်မဲ့ဇုန်) များ သတ်မှတ်ပေးပြီးနောက် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များကို စစ်ရေးအမြင်ဖြင့် မကြည့်ဘဲ အခြေခံ လူ့အခွင့်အရေးနှင့် စံနှုန်းများအတိုင်း ခြွင်းချက်မရှိ ပွင့်လင်းမြင်သာစွာ ရရှိနိုင်ရန်အတွက် ဦးစားပေး ဆောင်ရွက်ပေးရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် စစ်မှန်သော ဖက်ဒရယ် စနစ်သို့ ဦးတည်ကြောင်း မြင်သာသေချာစေရန် . . . . .

ထို့အပြင် မိုင်းကင်းမဲ့ဇုန် (စစ်မဲ့ဇုန်) များ သတ်မှတ်ပေးပြီးနောက် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များကို စစ်ရေးအမြင်ဖြင့် မကြည့်ဘဲ အခြေခံ လူ့အခွင့်အရေးနှင့် စံနှုန်းများအတိုင်း ခြွင်းချက်မရှိ ပွင့်လင်းမြင်သာစွာ ရရှိနိုင်ရန်အတွက် ဦးစားပေး ဆောင်ရွက်ပေးရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် စစ်မှန်သော ဖက်ဒရယ် စနစ်သို့ ဦးတည်ကြောင်း မြင်သာသေချာ စေရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးသဘောတူ ညှိနှိုင်းမှုများကို တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၌ ဆွေးနွေးသဘောတူထားသည့် အချက်များနှင့်အညီ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရေးကိုလည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

စစ်မှန်၍ တရားမျှတသော ငြိမ်းချမ်းရေးကို အာမခံချက် ပေးနိုင်သည့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်း သဘောတူညီမှုများ မရရှိသေးသရွေ့ ဒေသခံ ပြည်သူလူထုအား အသိပေးတိုင်ပင် ညှိနှိုင်းမှုများ မရှိဘဲ ဒေသဖွံ့ဖြိုးရေး အကြောင်းပြချက်ဖြင့် ပြင်ပမှ မည်သည့်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမျိုးမှ ခွင့်ပြုခြင်း၊ စတင်ဆောင်ရွက်ခြင်း မပြုရန် စသည့်အချက်များလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ ဥရောပ သမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ ရရှိနေသည့် ပံ့ပိုးကူညီမှုများကို ပေးနေသော အလှူရှင်များ အနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အ၀ ရှိသည့် ပွင့်လင်းမြင်သာသော ငွေကြေးစီးဆင်းမှုများ ဖြစ်စေရေး သေချာစွာ ကြပ်မတ်လုပ်ဆောင်ရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီးနောက် စစ်ရှောင်ဒုက္ခသည်များ ပြန်လည်နေရာ ချထားရေး လုပ်ဆောင်သည့်အခါ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးထားသော ဂျီနီဗာ ကွန်ဗင်းရှင်း အပါအ၀င် အပြည်ပြည်ဆိုင်ရာ ဥပဒေများတွင် ပြဋ္ဌာန်းပါရှိသည့် စံချိန်စံညွှန်း လုပ်ထုံးလုပ်နည်း များနှင့်အညီ လေးစားလိုက်နာမည် ဖြစ်ကြောင်းကို ကြိုတင်ထည့်သွင်း ဆွေးနွေးရေးကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top