Blogger Widgets

Friday, 28 June 2013

ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု

 ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ်ရာမှ ရွှေဆိုင်အတွင်းသို့ လူအုပ်စုလိုက်ဝင်ရောက် လုယက်မှုတစ်ခု သာကေတမြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ (၁၀) ဈေးရှိ ဘေးချင်း ကပ်ဖွင့်လှစ်ထားသည့် ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ် ရာကို ရွှေဆိုင်တစ်ဆိုင်မှ ပိုင်ရှင် ဖြစ်သူသည် ဈေးစည်ပင်ရုံးသို့သွား ရောက်တိုင်တန်းခဲ့ကြောင်း သိရ သည်။

ယင်းကဲ့သို့တိုင်တန်းပြီး မိမိရွှေဆိုင်သို့ပြန်လာစဉ် အခြား ဆိုင်တစ်ဆိုင်က ပိုင်ရှင်ဖြစ်သူသည် ပလတ်စတစ် ထိုင်ခုံဖြင့် ထွက်ရိုက် ကာ အရိုက်ခံရသူ ဆွဲထားသော ခုနစ်ပဲသားရှိ ရွှေဆွဲကြိုးကို ဇွန် ၂၂ရက်က လုယူခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှတ်တမ်း၏ ဖော်ပြချက်အရ သိရသည်။

ယင်းဖြစ်စဉ် ကြောင့် ရွှေ ဆိုင်တစ်ဆိုင်မှ အရောင်းစာရေး သုံးဦးသည် အခြားရွှေဆိုင် ပိုင်ရှင် ဖြစ်သူကို ဝိုင်းချုပ်ကာ ဘယ်လက် တွင်ဝတ်ဆင်ထားသော တစ်ကျပ် သားဟန်းချိန်းကိုလုယူ၍ ရိုက် နှက်နေစဉ် အမည်မသိ အမျိုးသား ၂၅ဦး တို့က ယင်းရွှေဆိုင်ပိုင် ရှင်ကို ဝိုင်းဝန်းရိုက်နှက်ကာ ဆိုင် တွင်းမှ ရွှေထည် ပစ္စည်း များကို ယူသွားခဲ့သည်။

ယင်းဖြစ်စဉ် ကြောင့် အဆိုပါဆိုင်မှ ကျပ်သိန်း ၃ဝခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်း များ ပျောက်ဆုံး ခဲ့ကြောင်းသိရ သည်။ သာကေတမြို့နယ် အမှတ် (၂)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ''လက်ရှိအထိတော့ အမှုဖွင့် ထားတုန်း ပဲရှိသေး တယ်။ ဆက် လက်စုံစမ်းစစ်ဆေးနေပါတယ်။ သတင်းအချက်အလက် သေချာ သိချင်ရင်တော့ ရဲတပ်ဖွဲ့ကွပ်ကဲ ရေးရုံးကိုပဲ စုံစမ်းပါ''ဟု ဇွန် ၂၆ ရက်က ရန်ကုန်တိုင်းမ်သတင်းစာ ၏မေးမြန်းမှုကို ပြန်လည်ဖြေကြား သည်။ ယင်းနှင့် ပတ်သက် ၍ သာ ကေတမြို့နယ်ရဲစခန်းက ပြစ်မှု ပုဒ်မ-၃၂၅/၃၈၂/၁၁၄ဖြင့် အမှု ဖွင့်ထားကာ စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top