နိုင်ငံတော် အခွန်ဘဏ္ဍာနှင့် ပတ်သက်ပြီး အစိုးရအနေနှင့်
ပွင့်လင်းမြင်သာမှုရှိရန် လုပ်ဆောင်သင့်ကြောင်း၊ အခွန်ကိစ္စနှင့် ပတ်သက်၍
ပြည်သူများကို ချပြရန်လိုကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် နှစ်ပတ်လည်
အစည်းအဝေးတွင် ပြောကြားသည်။
''အစက ကျွန်တော်တို့ တံခါးပိတ်ထားတော့ ကျွန်တော်တို့ နားမလည်ခဲ့ဘူး။
တံခါး ဖွင့်လိုက်တော့ လူတွေအများကြီးနဲ့ စကားပြောတော့ ကျွန်တော်တို့တွေ
အများကြီး နားလည်လာတယ်'' ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အနေဖြင့် အခွန်ရရှိမှု ကိစ္စရပ်များ၌
ပိုမိုပွင့်လင်း မြင်သာမှုရှိစေရန် Extractive Industries Transparency
Initiative (EITI) ဟုခေါ်သော မြန်မာနိုင်ငံ၏ သဘာဝတွင်းထွက် သယံဇာတများနှင့်
ပတ်သက်သည် အခွန်များ ပွင့်လင်းမြင်သာရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း
တာဝန်ယူထားကြောင်းလည်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် Extractive Industries Transparency
Initiative (EITI) တွင် ပါဝင်နိုင်ရန် လျှောက်ထားဆဲ ဖြစ်ပြီး EITI ဘက်မှ
ထာဝရ အသင်းဝင်အဖြစ် စာရင်းသွင်းနိုင်ရန် စိစစ်ဆဲ ဖြစ်ကြောင်းလည်း သိရသည်။
အခွန်ငွေသည် ပြည်သူလူထုအပေါ် မည်သို့ အကျိုးပြုသည်ကို မတွေ့မြင်ရကြောင်းနှင့် ကောက်ခံရရှိသည့် အခွန်ငွေများအား မည်သည့်နေရာများ၌ အသုံးပြုခြင်းကို အစိုးရ အနေဖြင့် ပြည်သူများ သိရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဦးလွင်မြို့တွင် ဇွန် ၉ ရက်က ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲ၌ ပြောကြား... |
၎င်းအဖွဲ့အစည်း အနေဖြင့် မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတများ ရယူသုံးစွဲ
ခွင့်ပြုထားသော ကုမ္ပဏီများ၏ အခွန်ကိစ္စ ရပ်များအား အစိုးရ၊ ကုမ္ပဏီ၊
အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ ပေါင်းစည်းထားသော အခွန်ကြီးကြပ်ရေး အဖွဲ့က
စစ်ဆေးစေမည်ဖြစ်ပြီး အခွန်ကိစ္စရပ်များ၌ ပိုမိုပွင့်လင်းလာမည် ဖြစ်ကြောင်း
သိရသည်။
ထို့ပြင် ၎င်းအဖွဲ့အစည်းဝင် နိုင်ငံများ ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးကို
ငါးနှစ်တစ်ကြိမ် ကျင်းပပြီး အဖွဲ့ဝင် နိုင်ငံတိုင်း၏ အခွန်နှင့် ပတ်သက်သည့်
အစီရင်ခံစာများ တင်ပြရကြောင်းလည်း သိရသည်။
ထိုကဲ့သို့ EITI အမြဲတမ်း အဖွဲ့ဝင် ဖြစ်ပြီးပါက အခွန်များနှင့် ပတ်သက်၍
သိလိုလျှင် မည်သူမဆို အခွန်ကိစ္စရပ်များအား တောင်းခံ သိရှိနိုင်မည်
ဖြစ်ကြောင်း သိရသည်။
အခွန်ငွေသည် ပြည်သူလူထုအပေါ် မည်သို့ အကျိုးပြုသည်ကို
မတွေ့မြင်ရကြောင်းနှင့် ကောက်ခံရရှိသည့် အခွန်ငွေများအား မည်သည့်နေရာများ၌
အသုံးပြုခြင်းကို အစိုးရ အနေဖြင့် ပြည်သူများ သိရှိရန်
ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြင်ဦးလွင်မြို့တွင် ဇွန် ၉ ရက်က ပြုလုပ်ခဲ့သော
လူထုတွေ့ဆုံပွဲ၌ ပြောကြားသည်။
''တခြားနိုင်ငံတွေမှာ ဆိုလို့ရှိရင် ပြည်သူတွေဆီက ကောက်တဲ့ အခွန်တွေကို
ဘယ်လို သုံးသလဲ ဆိုတာကို အစိုးရကနေ ပြည်သူတွေ သိအောင်လို့ ဆောင်ရွက်ရတယ်။
အခွန်ကရတဲ့ ဘဏ္ဍာတွေကို ဘယ်လိုသုံးတယ်။ ဘာအတွက် သုံးတယ်ဆိုတာ မသိရတဲ့
အခါကျတော့ ပြည်သူတွေအနေနဲ့ အခွန်ကောက်တဲ့သူတွေ အိတ်ထဲကို ၀င်သွားတယ်လို့
အဲလိုပဲ မြင်ကြတာပေါ့။ အဲဒါကလည်း အတိုင်းအတာ တစ်ခုထိ မှန်ပါလိမ့်မယ်'' ဟု
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်
ပြောကြားသည်။

No comments :
Post a Comment