မန္တလေးတိုင်း အတွင်းတွင်ရှိသော ရွာ စုစုပေါင်း၏ ထက်ဝက်ကျော်ပမာဏ ဖြစ်သည့် ရွာပေါင်း ၂၈ဝဝ
ကျော်သည် လက်ရှိအချိန်အထိ လျှပ်စစ်မီး မရရှိသေးသောကြောင့် နေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်သည့် ဆိုလာစနစ် များသုံးနိုင်ရန်စီစဉ်နေကြောင်း မန္တလေး တိုင်းအစိုးရရုံးမှ စုံစမ်းရရှိသည်။
တိုင်းအစိုးရက ထိုရွာသားများကို တစ် ဦးချင်းငွေချေးပေးမည်ဖြစ်ပြီး မိမိအိမ်တွင် သုံးလိုသည့် လျှပ်စစ် ပမာဏကို ချင့်ချိန်၍ ချေးငွေထုတ်ယူရမည်ဟုလည်း သိရသည်။
မီးသီးလေးလုံးထွန်းနိုင်သော ဆိုလာ ပြားကို အသုံးပြုပါက ငွေကျပ် ၈ဝဝဝဝ ကုန်ကျမည်ဖြစ်သည်ဟုလည်း ခန့်မှန်း ကုန်ကျစရိတ်စာရင်းဇယားများတွင် တွေ့ရသည်။
မန္တလေးတိုင်းလျှပ်စစ်နှင့် စက်မှုလက် မှုဝန်ကြီး ဒေါက်တာမြင့်ကြူက ''ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်
မီးလင်း လိုတဲ့သူတွေကို စာရင်းကောက်ခိုင်းထား တယ်။ အခုစနစ်က တစ်အိမ်ချင်း မီးလင်းအောင်
ဆောင်ရွက်ပေးမှာဖြစ်လို့ တစ်အိမ်နဲ့ တစ်အိမ် ကုန်ကျစရိတ်တော့တူမှာ မဟုတ်ဘူး''ဟု ရှင်းပြသည်။
ကနဦးအနေဖြင့် ရမည်းသင်းခရိုင်ရှိ ကျေးရွာ ၁ဝဝ ကျော်တွင် ဆိုလာပြားများ တပ်ဆင်ပေးရေးအတွက်
ချေးငွေများထုတ် ပေးနိုင်ရန်ပင်စီစဉ်နေပြီဟု ဆိုသည်။
ဆိုလာတပ်ဆင်ရန် ယူထားသော ချေး ငွေများကို ချေးယူသည့်ငွေပမာဏကို မူတည်၍ ကျပ် ၁ဝဝဝ၊ ၂၅ဝဝ နှင့် ၅၅ဝဝ စသည်ဖြင့် လစဉ်ပြန်လည် ပေးဆပ်ရမည်ဟုလည်း တိုင်းအစိုးရရုံးက ထုတ်ပြန်သည်။
တိုင်းလျှပ်စစ်ဝန်ကြီးက ''ရွာတော်တော်များများက ညမှာမီးလင်းဖို့ ဖယောင်းတိုင်မီးကိုပဲ အားထားနေရတော့။ ကုန်ကျ
စရိတ်ပစ္စည်းများတယ်။ မီးဘေးအန္တရာယ်လည်း စိုးရိမ်ရတယ်။ ခုလို ဆိုလာစနစ် သုံးလိုက်တော့ မီးအလင်း
ရောင်ပိုရတယ်။ နေ့ခင်းဘက် နေပူထဲထားပြီး အားသွင်း ထားရုံပဲ'' ဟု ဆိုသည်။

No comments :
Post a Comment