Blogger Widgets

Friday, 7 June 2013

သြစတြေးလျက မြောက်ကိုးရီးယားကို သံရုံးပြန်လည်ဖွင့်လှစ်ခွင့်မပေး

သြစတြေးလျနိုင်ငံက ​မြောက်ကိုးရီးယားနိုင်ငံအနေနဲ့ ​သြစတြေးလျနိုင်ငံ ​မြို့တော် ​Canberra ​မှာသံရုံးပြန်လည်ဖွင့်လှစ်ခွင့်ကို ​မပေးတော့ဘူးလို့ပြောလိုက်ပါတယ်။
သြစတြေးလျနိုင်ငံမှာရှိတဲ့ ​မြောက်ကိုးရီးယားသံရုံးဟာ ​ပြီးခဲ့တဲ့ ​၂၀၀၈ခုနှစ်ကစပြီးတော့ ​ငွေကြေးအခက်အခဲကြောင့် ​မြောက်ကိုးရီးယားနိုင်ငံက ​ပိတ်ချလိုက်တာဖြစ်ပါတယ်။
မကြာသေးခင်ကမှ ​မြောက်ကိုးရီးယားနိုင်ငံက ​သြစတြေးလျအစိုးရကို ​သံတမာန် ​ဆက်ဆံရေးတွေ ​ပြန်လည်အသက်သွင်းဖို့အတွက် ​ချဉ်းကပ်လာခဲ့တာ ​ဖြစ်ပါတယ်။ ​မြောက်ကိုးရီးယားနိုင်ငံက ​နျူးကလီးယားစစ်ပွဲဆင်နွဲဖို့ ​ခြိမ်းခြောက်မှုတွေ ​ပြုလုပ်ခဲ့တဲ့နောက်ပိုင်း ​သြစတြေးလျနိုင်ငံက ​မြောက်ကိုးရီးယားနိုင်ငံရဲ့တောင်းဆိုမှုကို ​ပြန်လည်သုံးသပ်မယ်လို့လည်း ​ပြောခဲ့ဘူးပါတယ်။
သြစတြေးလျနိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​က ​မြောက်ကိုးရီးယားနိုင်ငံနဲ့ ​ပိုမိုလွယ်ကူတဲ့ ​ဆက်သွယ်ရေးလမ်းကြောင်းတွေထားရှိချင်တဲ့အကြောင်း ​ဒါပေမယ့် ​မကြာသေးခင်လတွေတုန်းက ​မြောက်ကိုးရီးယားနိုင်ငံရဲ့ ​ရန်လိုနေတဲ့အပြုအမူတွေကြောင့် ​အခုလိုမျိုး ​သံရုံးပြန်လည်ဖွင့်လှစ်ဖို့တောင်းဆိုချက်ကို ​ပယ်ချရတာဖြစ်တယ်လို့ဆိုပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top