ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
လွှမ်းမိုးမှုများ ရှိနေကြောင်း ရေကြည်မဲဆန္ဒနယ် အမှတ် (၂) မှ NLD ပါတီဝင်
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
"တိုင်းဒေသကြီး အတွင်းမှာ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေ ထဲကပဲ
ငါးယောက်၊ ခြောက်ယောက်လောက်က တော်တော်ကို ရဲရဲဝံ့ဝံ့နဲ့ ပြောရဲဆိုရဲတာတွေ
ရှိပါတယ်။ ဒါပေမဲ့ ဦးဆန်းဆင့် မရှိတော့တဲ့ နောက်ပိုင်း
တော်တော်အရှိန်ကျသွားတယ်။ ဦးဆန်းဆင့် ရှိတုန်းက လွှတ်တော်ရဲ့
လုပ်ဆောင်ချက်ဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို မဖြစ်မနေ
လုပ်အောင်ပေးနိုင်တဲ့ တွန်းအားတစ်ခု ဖြစ်ခဲ့တယ်။ ဦးတင်စိုး ဥက္ကဋ္ဌသစ်
ဖြစ်လာပြီးနောက်ပိုင်း လွှတ်တော်ခေါ်တာ တစ်ကြိမ်ပဲ ရှိသေးတယ်။ အဲဒီ့အချိန်က
လွှတ်တော်က ဆုံးဖြတ်ချက်တွေကို အန်တီ့အမြင်အရ အစိုးရအဖွဲ့က
ဘယ်လောက်ဆောင်ရွက် သလဲဆိုတာကတော့ အခုအချိန်ထိတော့ ဘာမှထူးခြားချက်
မရှိသေးဘူး။ အသေးအဖွဲလေးက အစပေါ့။ ဦးဆန်းဆင့် ရှိနေတုန်းက
လွှတ်တော်ပိုင်းမှာ right အပြည့်အသုံးချတယ်။ အစိုးရအဖွဲ့ကလည်း အပြည့်အဝ
အသုံးချတယ်။ ဒါပေမဲ့ လာပြီးတော့ မရောယှက်ဘူးပေါ့။ ဦးဆန်းဆင့် ပထမဦးဆုံး
မရှိတော့တဲ့ အချိန်က ၁၄ ရက်၊ ၂ လပိုင်းလို့ ထင်တယ်။ အဲဒါက လွှတ်တော်ဥက္ကဋ္ဌ
အသစ်ပြန်ပြီး ရွေးတာပေါ့။ ဦးဆန်းဆင့် မပြောင်းခင်ကတည်းက လွှတ်တော်ဥက္ကဋ္ဌသစ်ဟာ
ဦးတင်စိုးဖြစ်မယ်ဆိုတာ ကြားနေရတယ်။ ပြန်ရွေးတဲ့အချိန်မှာ အရင်က
ရဲရဲတောက်ပါတယ်ဆိုတဲ့ ပြည်ခိုင်ဖြိုးတွေကို အန်တီက ပြောတယ်။ လွှတ်တော်ရဲ့
character ပြည့်စုံသွားအောင် ဘာဖြစ်လို့ ပြန်မရွေးတာလဲလို့။ အန်တီတို့
သဘောပေါက်သွားပြီ။ ဦးဆန်းဆင့် ပြောင်းသွားရခြင်းဟာ ၀န်ကြီးချုပ်ရဲ့
အရှိန်အ၀ါကြောင့်ဆိုတာ လူတိုင်းသိပါတယ်။ ဦးတင်စိုးဟာ ၀န်ကြီးချုပ်ရဲ့
partner ဆိုတာလည်း လူတိုင်းသိတယ်။ သို့သော်လည်း လွှတ်တော်ရဲ့ character၊
လွှတ်တော်က တစ်ယောက်တည်းကိုပဲ တင်လိုက်တာ မဟုတ်ဘဲနဲ့ သုံး၊ လေးယောက်လောက်
အပြိုင်တင်ရအောင် ဘယ်သူမှ မလှုပ်ရဲဘူး။ အဲဒါကို ကြည့်မယ်ဆိုရင် လွှတ်တော်ကို
အစိုးရက လွှမ်းမိုးတယ်လို့ ယူဆတယ်" ဟု ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
လွှတ်တော်ဥက္ကဋ္ဌကလည်း လွှတ်တော်ထဲမှာ ပြောတဲ့အတိုင်းပဲ လွှတ်တော်ပြင်ပမှာ အစိုးရ အဖွဲ့အစည်းကို ပြောနိုင်ရမယ်။ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ အပြောတွေဟာ တစ်ထပ်တည်း ဖြစ်ရမယ်။ လွှတ်တော်ထဲမှာ ပြောရုံနဲ့ မပြီးနိုင်ဘူး . . . . . |
"အခုဆိုရင် လွှတ်တော်ထဲမှာ အန်တီပြောမယ့် ကိစ္စတစ်ခု ရှိတယ်။
တူးမြောင်းတွေ၊ တာတမံတွေ ရေကြီးတဲ့ ဒေသတွေမှာတူးပြီး ဘာဖြစ်လို့ ကျွန်မတို့
ရေကြည်မဲဆန္ဒနယ်ကို ထားခဲ့ရတာလဲ။ တကယ်လို့သာ လွှတ်တော်ဥက္ကဋ္ဌက ဒီကိစ္စတွေကို
စိတ်ဝင်စားမယ်ဆိုရင် တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ပြောရမယ်။
ဘာဖြစ်လို့လဲဆိုတော့ အန်တီကိုယ်တိုင် proposal တင်ထားတဲ့ အဆိုပဲ။ အဆိုနဲ့
ပတ်သက်ပြီး လုပ်ဆောင်တဲ့အခါ တင်သွင်းတဲ့နယ်ကို ချန်ထားခဲ့ပြီး
ကျန်တဲ့နေရာကို လုပ်နေတယ်။ အဲဒီအချိန်တုန်းက ပုသိမ်ခရိုင်ကနဲ့
လွှတ်တော်ထဲမှာ တွေ့လိုက်တယ်။ survey လုပ်သလား၊ research လုပ်သလားလို့
အန်တီက မေးလိုက်တယ်။ လွှတ်တော် ဥက္ကဋ္ဌကိုလည်း မေးတယ်။ ဘတ်ဂျက်ကို ဘယ်ကရလဲဆိုတာ
သိပါသလားလို့။ ဒီကိစ္စကို ကျွန်မတို့ လွှတ်တော်ထဲက တင်ထားတဲ့ ကိစ္စဆိုတော့
ပြန်တင်ပြီလားလို့ မေးခဲ့တယ်။ ဘာမှမလုပ်ဘူး။ ဒီအတိုင်းပဲ။ အန်တီ့အမြင်ကတော့
ရည်ရွယ်ချက်တော့ ရှိပုံရတယ်။ ဒါကိုဘာဖြစ်လို့ လွှတ်တော်ဥက္ကဋ္ဌက လက်ခံသလဲ။
ဒါဆိုရင် အစိုးရက လွှတ်တော်ကို လွှမ်းမိုးမှု ရှိလား၊ မရှိဘူးလားဆိုတာ
စဉ်းစားလို့ ရနိုင်တယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဦးဆန်းဆင့် မရှိတော့သည့်နောက်ပိုင်း ၎င်းထားခဲ့သည့် အရွေ့ကို အရှိန်လျော့
မသွားစေရန် လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် strong ဖြစ်ရန်
လိုကြောင်းလည်း ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
"ရဲရဲဝံ့ဝံ့ လွှတ်တော်ထဲမှာ ပြောနိုင်ရမယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း
လွှတ်တော်ထဲမှာ ပြောတဲ့အတိုင်းပဲ လွှတ်တော်ပြင်ပမှာ အစိုးရ အဖွဲ့အစည်းကို
ပြောနိုင်ရမယ်။ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ အပြောတွေဟာ တစ်ထပ်တည်း
ဖြစ်ရမယ်။ လွှတ်တော်ထဲမှာ ပြောရုံနဲ့ မပြီးနိုင်ဘူး" ဟု ဒေါက်တာလှမြတ်သွေးက
ပြောကြားသည်။

No comments :
Post a Comment