Blogger Widgets

Sunday 2 June 2013

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေများအား ပြင်ဆင်

မိရိုးဖလာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ယခင်က စီမံကိန်းများ လုပ်ဆောင်ရန် လက်ရှိလုပ်ကိုင်သော လယ်ယာမြေများအား အထောက်အထား တင်ပြနိုင်မှု မရှိပါက ထိုက်တန်သည့် နစ်နာကြေး ရရှိမှု မရှိသော်လည်း လက်ရှိတွင် ထိုသို့ အထောက်အထားမဲ့ လယ်ယာများအတွက် မိရိုးဖလာ လယ်ယာလုပ်ကိုင်သူ ကျေနပ်သည်အထိ ညှိနှိုင်းဆောင်ရွက်ပေးရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေများအား ပြင်ဆင်သည့် နည်းဥပဒေများအား ၂၀၁၃ ခုနှစ် မေ ၁၇ ရက် ရက်စွဲဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း မေ ၃၁ ရက်က သိရှိရသည်။
၎င်းပြင်ဆင်ချက် နည်းဥပဒေများတွင် ပုဒ်မ ၇ ခု ပါဝင်ပြီး ပုဒ်မ ၅ တွင် "မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး လုပ်ကိုင်သူ ဖြစ်ပါက ခွင့်ပြုသည့် ဧရိယာကို လေးနှစ်အတွင်း ပြီးစီးစေရန် ဖော်ထုတ်စိုက်ပျိုး လုပ်ကိုင်ရမည်" ဆိုသော စကားရပ်ဖြင့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး လုပ်ငန်းများ၏ ခွင့်ပြုသက်တမ်း တိုးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မိရိုးဖလာ လယ်ယာလုပ်ကိုင် သူများ၏ လယ်ယာမြေများကို စီမံကိန်းများကြောင့် သိမ်းဆည်းခံရပါက ပိုင်ဆိုင်ကြောင်း အထောက်အထား မရှိလျှင် လျော်ကြေး မရရှိသည့် ပြဿနာအား ရှင်းလင်းနိုင်ရန် မူရင်းနည်း ဥပဒေအား ပြင်ဆင်ဖြည့်စွက် ပေးခဲ့ကြောင်း . . . . .

ယင်းအပြင် ပုဒ်မ ၇ တွင် "စိုက်ပျိုးမြေများ ပါဝင်နေပါက တရားဝင် လုပ်ကိုင်ခွင့် ရရှိထားခြင်း မရှိသည့်တိုင် နစ်နာမှု မရှိစေရန် ယင်းတို့၏ ဆန္ဒအပေါ် ညှိနှိုင်းဆောင်ရွက်ပေးရမည်" ဟူသော စကားစုများဖြင့် မိရိုးဖလာ လယ်ယာလုပ်ကိုင် သူများ၏ လယ်ယာမြေများကို စီမံကိန်းများကြောင့် သိမ်းဆည်းခံရပါက ပိုင်ဆိုင်ကြောင်း အထောက်အထား မရှိလျှင် လျော်ကြေး မရရှိသည့် ပြဿနာအား ရှင်းလင်းနိုင်ရန် မူရင်းနည်း ဥပဒေအား ပြင်ဆင်ဖြည့်စွက် ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဖြည့်စွက်ခဲ့သော်လည်း အဆိုပါ ဖြည့်စွက်ချက်များမှာ အားနည်းချက် ရှိနေကြောင်း ဥပဒေ ပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

"မိရိုးဖလာ လက်ငုတ်လုပ်သူတွေကို ပိုမိုကာကွယ် ပေးနိုင်အောင် ပြင်ဆင်ချက် ဥပဒေ ထုတ်တယ်လို့ ထင်ပါတယ်။ တစ်ခုပဲ မြေစာရင်းမှာ စိုက်ပျိုးမြေအဖြစ် ပေါက်မနေဘဲ မြေလွတ်မြေလပ် အဖြစ်ပဲ ရှိနေမယ်ဆိုရင် ဒီပြင်ဆင်ချက်က သက်ရောက်မှုမရှိ ဖြစ်သွားမယ်။ ဥပမာ-ပန်းတနော်နဲ့ ကျောင်းကုန်းကြားက ဒီးဒုတ်မိုးကုတ်ကွင်းမှာ ၈၈ မတိုင်ခင်ကတည်းက လယ်သမား ၅၀၀ ကျော် လုပ်ကိုင်နေတဲ့ လယ်တွေကို ၁၉၉၅ မှာ နာကစာကျုံကဒူး တူးမြောင်းတူးပြီး စစ်တပ်က သိမ်းလိုက်တယ်။ ၁၀ နှစ်လောက် လယ်လုပ်ထားပေမယ့်လည်း မြေစာရင်းမှာ မြေလွတ်ပဲ ဖြစ်နေလို့ အငြင်းပွားမှု ဖြစ်တယ်။

ဒီလိုမျိုး မြေလွတ်ပါလို့ဆိုပြီး လျော်ကြေးမပေးဘဲ သိမ်းခွင့်မရအောင် နှစ်ကာလ အပိုင်းအခြား တစ်ခုကို သတ်မှတ်ချက် အနေနဲ့ ပါဝင်သင့်ပါတယ်" ဟု အတိုင်ပင်ခံ ဥပဒေပညာရှင် ကိုဖိုးဖြူက သုံးသပ်ပြောကြားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top