Blogger Widgets

Saturday 1 June 2013

ထိုင်း-မြန်မာ စီးပွားရေး လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

မန္တလေး   မေ   ၃၁
မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းနှင့် Department of International Trade Promotion မှကုမ္ပဏီ ခုနစ်ခု တို့နှင့် စီးပွားရေး
လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေး ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးတိုင်း ဒေသကြီး မဟာ အောင်မြေ မြို့နယ်ရှိ Hotel Mandalay ၌ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ထိုင်းနိုင်ငံ အိမ်ရာ ဆောက်လုပ်ရေး President မှ Dr. Patchara Tantayanyong တို့မှ လုပ်ငန်းစဉ် များနှင့် ပတ်သက်၍    ဆွေးနွေး ခဲ့ကြသည်။ ထို့နောက်  နှစ်နိုင်ငံ လုပ်ငန်း ရှင်များမှ အခြေခံ ကုန်သွယ်ရေး စနစ်နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top