Blogger Widgets

Wednesday, 19 June 2013

ဆေးမကုပဲ လယ်သမားတွေရဲ့ လယ်သွားလုနေတဲ့ဆရာဝန်

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အင်း မ အုပ်စု မြစ်ရိုးတန်းကျေးရွာနဲ့ သမိန်ထောကျေး ရွာ ရှိ ဒေသခံတောင်သူတွေကို ဒေါက်တာ သန်း ထွဋ် ကုမ္ပဏီ က မြေ လွတ်မြေရိုင်း ဥပဒေနဲ့ တ ရား စွဲဆိုပြီး တောင် သူတွေဘက်လည်း ကုမ္ပဏီ ကို လယ်မြေကျူးကျော် မှုနဲ့ ပြန် လည် တရား စွဲ ဆိုပါတယ်။
အင်းမအုပ်စု မြစ်ရိုးတန်းကျေးရွာနဲ့ သမိန်ထောကျေးရွာရှိ ဒေသခံတောင်သူတွေဟာ သူတို့်လယ် ယာမြေတွေ ကို ဒေါက်တာသန်းထွဋ်ကုမ္ပဏီက ကျုးကျော် လုပ်ကိုင်တဲ့အတွက် လယ်မြေပြန်ရရေး နိုင်
ငံတော် သမ္မတထံ လိပ်မူ တိုင်ကြားခဲ့ပါတယ်။  ဒါ့အပြင် ကျုးကျော်မှုမလုပ်ဖို့ တားမြစ်ခဲ့ တဲ့ အတွက်   ဒေ သခံတောင်သူတွေကို ဒေါက်တာသန်းထွဋ်က မြေလွတ်မြေရိုင်းဥပဒေနဲ့ တရားစွဲဆို ခဲ့ပါ တယ်။
ဒီလိုတရားစွဲဆိုခံရတဲ့အတွက် လယ်သမားတွေကို ညောင်တုန်းမြို့နယ်  မယ်ဇလီကျေးရွာ ရဲစခန်း က ခေါ်ယူစစ်ဆေးပါတယ်။ လယ်သမားတွေဘက်ကလည်း သူတို့လယ်မြေကျူးကျော် မှုနဲ့ ပြန် တရားစွဲဆိုလိုက်တယ်လို့ လယ်သမားတဦးက ပြောပါတယ်။

“လယ်သမားတွေက ရဲစခန်းမှာ ခေါ်အစစ်ခံရတယ်။ တရားစွဲခံရဖို့အတွက်နဲ့လေ။ အဲတော့ လယ်သ မား ကလည်း သူတို့လယ်ယာမြေကို ကျူးကျော်တယ်၊ အပင်တွေဖျက်ဆီးခံရတယ်ဆိုပြီး ရဲစခန်းမှာ တိုင်ချက် လာဖွင့်ပါတယ်။ အဲလို ဖော်ထုတ်ရာမှာလည်း ဒေသခံတွေဟာ လမ်းစရိတ်မရှိလို့ စခန်းကို ကုန်းကြောင်းလျှောက် ရတယ်။”

လယ်သမားတွေဟာ ဒီလယ်မြေတွေကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က တည်းက လုပ်ကိုင် စားသောက် လာကြတာဖြစ်ပြီး နောက်ပိုင် ဒေါက်တာ သန်းထွဋ် ကုမ္ပဏီနေ ၀င်ရောက် လုပ်ကိုင် တာလို့ လယ်သမား ဦးစမ်းယုက  ပြောပါတယ်။

“ကျနော်တို့လယ်ယာတွေထဲကို ဒေါက်တာ သန်းထွဋ်ကနေ စပါးတွေကြဲတယ်။ တောင်သူတွေလုပ်တာ နှစ် ၂၀ လောက်ရှိပြီ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က သူက သီးစားလုပ်ပြီး အပေါ်က လူကြီး မင်းတွေ နဲ့ ပေါင်းပြီး လယ်သမားတွေကို မောင်းထုတ်တယ်။ အဲအချိန်ကစပြီး လယ်သမားတွေ ဘာမှ မလုပ် ရ ဘူး အခုထိပဲ။ လယ်သမားတွေက ၀င်လုပ်လိုက် သူကမောင်းပြီး ကြဲသွား လိုက် နဲ့။ တောင် သူတွေတော်တော် ဒုက္ခရောက်နေလို့ အခုနှစ်တော့ လူ့အခွင့်အရေးနဲ့ ပေါင်းပြီး လယ် ယာမြေပြန်ရဖို့ လိုက် ရ တာပေါ့။”

လယ်မြေတွေ သိမ်းဆည်းခံရပြီးနောက်ပိုင်း တောင်သူတွေဟာ နေ့စားအလုပ်ပဲ လုပ်ကိုင်ကြ ရပြီး သား သမီးတွေကို ကျောင်းမထားနိုင်တော့သလို စားဝတ်နေရေးအတွက် ကျပ်တည်းကုန်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့မှာ တော်တော် ဆင်းရဲနေကြတယ်။ တောင်သူတွေက ငါးသွားရှာပြန်ရင်လည်း ဖမ်းပြီး တရား စွဲတယ်။ ရပ်ရွာလူကြီးနဲ့ ပေါင်းပြီး ဒဏ်ရိုက်တယ်။ လယ်သမားတွေနဲ့ တံငါသည်တွေဟာ မရှိ ရှိ တာ ပေါင်ပြီး ဒဏ်ငွေဆောင်ရတယ်။ လယ်သမားတွေမှာ လယ်လုပ်စားစရာမရှိဘူး။ နွားသွားရင်လည်း ခွာ တလုံးကို ၁၅၀၀ ယူတယ်။ တိရစ္ဆာန်တွေ မမွေးရဲကြဘူး။ စားဝတ်နေရေးအတွက် နေ့စားလိုက် လုပ်နေ ရတယ်။ လယ်ယာမြေတွေကို အကုန်သိမ်းလိုက်တာလေ။ သားသမီးတွေလည်း ကျောင်းလုံးဝ မတတ်နိုင်ဘူး။ တော်တော် ဆုံးရှုံးနေကြတယ်။”

သိမ်းဆည်းခံရတဲ့ လယ်မြေဧက ၁၅၀ ရှိပြီးတောင်သူ ဦးရေ ၂၀ လောက် လုပ်ကိုင်စားသောက်တဲ့ လယ်မြေတွေဖြစ်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top