Wednesday, 19 June 2013
လွှတ်တော်ပြင်ပ တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
ဇွန်လ ၁၈ ရက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ လွှတ်တော်ပြင်ပ တိုင်းရင်းသား နိုင်ငံရေး ပါတီ ခေါင်းဆောင် များနဲ့ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပြီး လက်ရှိ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမြင် သဘောထားများ ဆွေးနွေးဖလှယ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရှိကာ လွှတ် တော်အတွင်း ရောက်ရှိပြီး တစ်နှစ်အကြာမှာ အခုလို လွှတ်တော် ပြင်ပ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များနဲ့ အခုလို ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင် က ကော့လီကို ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ တွေ့ခဲ့ရာမှာ ဘယ်လို သဘောတူညီ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာ မှ မရှိခဲ့ပါ ဘူး။ အမြင်ချင်းဖလှယ်တဲ့ သဘောပါပဲ။ ဒါပေမယ့် ကျွန်တော်တို့နှစ်ဖက် အကြားမှာ သဘောထား ချင်းတူညီတိုက်ဆိုင်တာကတော့အခြေခံဥပဒေကို ပြင်ဆင်ဖို့ရယ်၊ဖက်ဒရယ် ပြည်ထောင်စုစနစ်ထူထောင် ဖို့ရယ်ပါပဲ။ – လို့ စိုင်းညွန့်လွင် က ပြောပါတယ်။ပီအာစနစ်ကို သူမကြိုက်ဘူး။ တိုင်းရင်းသားတွေအတွက် နစ်နာမယ်လို့ ပြောတယ်။ ဖက်ဒရယ်ပြည်ထောင်စုကိုထူထောင် ဖို့လည်း သူသဘောတူတဲ့ အကြောင်းပြော တယ်။ ထူထောင်မှ ဖြစ်မယ်ပေါ့။ ဒါပေမယ့် ချက်ခြင်းလက်ငင်း မဖြစ်နိုင်သေး ဘူးလို့ ပြောတယ်။ တစ်ဆင့် ချင်း၊ တစ်လှမ်းချင်းသွားမှဖြင်မယ်လို့ ပြောတယ်။ နောက်တစ်ချက်က ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့ တပ်မတော်က သဘောတူဖို့ လိုအပ်မယ်၊ တပ်မတော်က သဘောတူလာအောင် အချိန်ယူပြီး ရှင်းပြရလိမ့် မယ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြီးတော့ အခြေခံဥပဒေမှာ ရှေ့နောက်မညီတဲ့ဟာတွေ၊ ပြင် ဆင်သင့်တာတွေ အများကြီးရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် အခြေခံဥပဒေကို လွှတ်တော်ထဲက ပဲ ပြင်ဆင်နိုင်မယ်လို့ သူက ပြောပါတယ်။ – လို့ စိုင်းညွန့်လွင် က ဆက်ပြောပြပါတယ်။
တွေ့ဆုံပွဲကို ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးနှင့် အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ မွန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်၊ ဇမ်ဇာမုံ၊ ဦးကျော်စိုး၊ နိုင်ငံရေးပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခြင်း မရှိသေးတဲ့ ကရင်အ မျိုးသား ဒီမိုကရေစီ ကွန်ဂရက်က စောဟာရီ တို့ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။

No comments :
Post a Comment