Blogger Widgets

Friday 7 June 2013

မူဆယ်ခရိုင်တရားရုံး အချုပ်ခန်းမှ အချုပ်သား သုံးဦးထွက်ပြေးမှုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်တရားရုံးတွင် အချုပ်သား အမျိုးသာ ၁၄ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၃ ဦးကို တရားခွင်သို့ စစ်ဆေးရန် ခရိုင်တရားရုံး အချုပ်ခန်းတွင် ယာယီချုပ်ထားခဲ့ရာမှ တရားခွင်သို့ စစ်ဆေးရန် အလှည့်ကျသော အချုပ်သားအောင်မြင်နှင့် ကျော်ငြိမ်းတို့ နှစ်ဦးအား အချုပ်ခန်း တံခါးသော့ ဖွင့်ပေးနေစဉ် အချုပ်ခန်း အတွင်းပိုင်းမှ မူး/စိတ် (၁၅/၁၉က) ဖြင့် အမှုရင်ဆိုင်နေရသော လောက်စန်းဆိုသူနှင့် အဖွဲ့က ခြေထောက်ဖြင့် ရုတ်တရက် တွန်းကန်ကျောက်ခဲ့ရာ ခရိုင်တရားရုံး အချုပ်ခန်း ပွင့်ထွက်သွားသည်။
ထိုစဉ် အချုပ်သားများ ထိုးထွက်လာကြပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင်ထံမှ ခြောက်လုံးပြူး သေနတ်ကို ရုတ်တရက် အတင်းလုယူ၍ လုံးထွေးနေစဉ် ကျည်ဆန်ထွက်သွားပြီး ရဲတပ်ဖွဲ့ဝင် ဘရန်အောင်အား ကျည်ထိမှန်ခဲ့သည်။ ထိုသို့ ဝရုန်းသုန်းကား ဖြစ်နေစဉ် အချို့သော တရားခံများသည် ပြေးမိပြေးရာ ထွက်ပြေးကြရာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက အလျင်အမြန် ပြန်လည် ဖမ်းဆီးနိုင်သော်လည်း (ပ) ၁၆/၁၃ ပုဒ်မ ၃၀၂ မူဆယ်ခရိုင် တရားရုံး၊ ရာကြီး ၆၄/၁၃ ဖြင့် အသီးသီး အမှုရင်ဆိုင်နေရသော အချုပ်သား အိုက်ဆမ်နှင့် အားကျီ(ခ) လင်းအောင်၊ မယ၊ (ပ) ၃၁/၁၃ မူး/စိတ် ၁၅/၁၉ (က)၊ မူဆယ်ခရိုင် တရားရုံး၊ ရာကြီး ၃၁/၁၃ ဖြင့် အမှု ရင်ဆိုင်နေရသော အချုပ်သား လောက်စန်း အပါအဝင် သုံးဦး ထွက်ပြေး လွတ်မြောက်သွားသည်။
ကျဉ်ထွက် ထိမှန်မိသော ရဲတပ်ဖွဲ့ဝင် ဘရန်အောင်အား မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ညနေ ၅ နာရီတွင် သေဆုံးသွားကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top