ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြှင့်ရန် မူဝါဒဆိုင်ရာကိစ္စများ
ညှိနှိုင်းဆွေးနွေးကို နေပြည်တော် သင်္ဂဟဟိုတယ်တွင် ဇွန်လ ၂၉၊ ၃ဝ၊
နှစ်ရက်ကျင်းပမည်ဖြစ်ရာ အဆင့်မြင့်ပညာရေးဆိုင်ရာ ဥပဒေမူ ကြမ်း
ရေးဆွဲရေးကော်မတီနှင့် ရန်ကုန် တက္ကသိုလ်(ပင်မ) ပြန်လည်အဆင့်မြှင့်တင်ရေးနှင့် မွမ်းမံရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။
ထိုဆွေးနွေးပွဲတွင် "Empowering Higher Education" ခေါင်းစဉ်ဖြင့် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာ မျိုးမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် လွှတ်တော်နှစ်ရပ်မှ ပညာရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံပ ညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင်များ၊ ရေးဆင်း စိုက်ပျိုးရေး တက္ကသိုလ်ပါမောက္ခချုပ်နှင့် သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ ကလည်း ဆွေးနွေးမည်ဖြစ်သည်။
ထို့အပြင် ဗြိတိသျှကောင်စီ Australian Aid ? UNESCO ? Southern Cross University(Australia)၊ Norhern Illinois University (US)၊ ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှင်းတို့မှ နိုင်ငံတကာပညာရေး ကျွမ်းကျင်သူများကလည်း ဝင်ရောက်ဆွေး နွေး မည်ဖြစ်သည်။
ဆွေးနွေးပွဲလုပ်ဆောင်ရခြင်းသည် မြန်မာ တက္ကသိုလ်များအနေဖြင့် ကမ္ဘာ့အဆင့်အ တန်းမီပြီး လူတိုင်းစေ့ ပါဝင်နိုင်သော ပညာရေး ဖော်ဆောင်နိုင်သည့် မျှော်မှန်းချက်ချ နိုင်ရန်ဖြစ်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရန် အဓိက ဦးစီးလုပ်ဆောင်သော ဗြိတိသျှ ကောင် စီ(မြန်မာ)မှ ညွှန်ကြားရေးမှူး ကယ်ဗင်မက်ကန်ဇီက ၎င်း၏ သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
''ဒီအချိန်ဟာ အဆင့်မြင့်ပညာရေး ကဏ္ဍအကြောင်း ဆွေးနွေးဖို့ စိတ်ဝင်စားစရာကောင်းတဲ့ အချိန်ပါ။ ပညာရေးအတွက် ကူညီပံ့ပိုး ပေးဖို့ နိုင်ငံတကာမှ စိတ်ဝင်စားမှုတွေ အများကြီးရှိပါတယ်။ ဒါကို နည်းလမ်း တကျ လမ်းကြောင်းဖော်ဆောင်နိုင်ဖို့ ကျွန်တော် တို့ မျှော်လင့်ပါတယ်'' ဟု ကယ်ဗင်မက်ကန် ဇီက ဆိုသည်။
လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် အဆင့် မြင့် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အတွက် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို လေ့ လာသုံးသပ် ဆွေးနွေးရန် လွှတ်တော်နှစ်ရပ်မှ ပညာရေးကော်မတီဝင်များသည် ဗြိတိသျှကောင်စီ၏ အစီအစဉ်ဖြင့် မေလက ၁ဝ ရက်ခန့် သွားရောက်ခဲ့သေးသည်

No comments :
Post a Comment