ခရီးသည် ၆၀ နီးပါးသယ်ဆောင်လာတဲ့
မြန်မာ့လေကြောင်းလိုင်းရဲ့ လေယာဉ်တစင်းဟာ မနေ့ (တနင်္လာနေ့) က
ပြေးလမ်းချော်သွားတယ်လို့ သိရပါတယ်။ ဒါဟာ တစ်လအတွင်း ဒုတိယအကြိမ်
ဖြစ်ပွားခဲ့တာပါ။
မြန်မာ့လေကြောင်းရဲ့ တရုတ်နိုင်ငံထုတ် MA60 လေယာဉ်ဟာ တနင်္သာရီတိုင်း ကော့သောင်းလေဆိပ်ကို ဆင်းသက်စဉ်မှာ လမ်းချော်သွားခဲ့တာ ဖြစ်ပြီး လေယာဉ်ရဲ့ ပန်ကာ နှစ်ဘက်စလုံး ပျက်ဆီးမှုတွေ ရှိခဲ့ပေမယ့် ဘယ်သူမှ ထိခိုက်ဒဏ်ရာ ရမှု မရှိခဲ့ဘူးလို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့  တာဝန်ရှိသူ တဦးက AFP သတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ တုန်းကလည်း မြန်မာ့လေကြောင်းရဲ့ MA 60 လေယာဉ် တစင်းဟာ ဘရိတ်ချို့ယွင်းပြီး မတော်တဆဖြစ်ပွားမှု ကြောင့် လူ ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အခုနောက်ပိုင်း တိုးတက် ပြောင်းလဲလာမှုကြောင့် နိုင်ငံခြားသား လည်ပတ်မှု တဟုတ်တိုး များပြားလာမှုကို မြန်မာ့လေကြောင်း နဲ့ ခရီးသွားလာရေး လုပ်ငန်းတွေ ဟာ အလျင်မှီနိုင်အောင် ရုန်းကန်ကြိုးစားနေကြရပါတယ်။

No comments :
Post a Comment