Blogger Widgets

Wednesday, 5 June 2013

မြန်မာဟာ ကမ္ဘာ့စီးပွားရေး ညီလာခံ အိမ်ရှင်အဖြစ် ထိုက်တန်လို့ သြစီသံအမတ်ဆို

မြန်မာ ​နိုင်ငံမှာ ​တာဝန်ကျနေတဲ့ ​သြစတြေးလျသံအမတ်ကြီး ​Bronte ​Moules ​က ​မြန်မာ ​နိုင်ငံဟာ ​အပြောင်းအလဲတွေ ​လုပ်ဖို့ ​တစိုက်မတ်မတ် ​တကယ့်ကို ​လုပ်ဆောင်နေတာ ​ဖြစ်တဲ့အတွက် ​အရှေ့အာရှဆိုင်ရာ ​ကမ္ဘာ့စီးပွါးရေး ​ညီလာခံကို ​အိမ်ရှင်နိုင်ငံအဖြစ် ​တာဝန် ​ရသင့် ​ရထိုက်တယ်လို့ ​ချီးကျူးပြောဆိုခဲ့ပါတယ။

ဒါပေမယ့် ​မြန်မာနိုင်ငံအနေနဲ့ ​ဘယ်လမ်းကြောင်းဆီကို ​ဦးတည်နေသလဲ ​ဆို ​တာ ​က ​တော့ ​မေးခွန်း ​ထုတ်စရာ ​ဖြစ်နေသေးတဲ့ ​အတွက် ​ခုလို ​ကမ္ဘာ့စီးပွားရေး ​ညီလာခံကို ​အိမ်ရှင်အဖြစ် ​ကျင်းပခွင့်နဲ့ ​ထိုက်တန် ​ပါ့မလား ​ဆိုတာမျိုး ​ပြောလာကြတာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ​အာဏာရရှိချိန်ကစပြီး ​ပြုပြင်ပြောင်းလဲမှုတွေ ​ဆက်တိုက် ​လုပ်လာခဲ့တဲ့အတွက် ​ဒါကို ​အသိအမှတ်ပြုရမယ်လို့လည်း ​ပြောပါတယ်။

အစိုးရရော၊ ​လူမှုအသင်းအဖွဲ့တွေရော၊ ​လွှတ်တော်အမတ်တွေကရော ​တိုးတက်ပြောင်းလဲမှုတွေ ​အမှန်တကယ်လိုလားတယ်ဆိုတာတော့ ​သိသာတယ်လို့လည်း ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​လူမျိုးရေး၊ ​ဘာသာရေး ​ပဋိပက္ခတွေ ​ဖြစ်ပွားနေရတာဟာလည်း ​မြန်မာနိုင်ငံ ​လူမှုအခြေ အနေ ​ပွင့်လင်းလာလို့ ​ဖြစ်နိုင်တယ်လို့ ​ပြောပါတယ်။

လူမှုအခြေအနေ ​ပွင့်လာတဲ့အခါ ​ကောင်းကျိုးတွေ ​များပေမယ့် ​တခါတရံမှာ ​အစွန်းရောက် သမားတွေ ကလည်း ​မိမိဆန္ဒကို ​ပွင့်ပွင့်လင်းလင်း ​ဖော်ထုတ် ​လုပ်ကိုင်ကြတဲ့အတွက် ​အနှုတ်လက္ခ ဏာဆောင် တဲ့ ​ဖြစ်ရတွေ ​ဖြစ်ပေါ်လာတာလို့ ​မြင်ကြောင်း ​ပြောခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် ​ဦးဆောင်တဲ့ ​အစိုးရရဲ့ ​လုပ်ရပ်တွေကို ​မလိုလားတဲ့ ​စစ်တပ်လို ​အဖွဲ့အစည်းတွေရဲ့ ​လုပ်ရပ်လို့တော့ ​သူ့အနေနဲ့ ​မမြင်မိကြောင်း ​စစ်တပ်တွင်းက ​ထိပ်တန်းအရာရှိတချို့က ​သမ္မတဦးသိန်းစိန်လိုပဲ ​ဆန္ဒရှိကြတဲ့အကြောင်း ​ဒါပေမယ့် ​ခုအခါမှာ ​မြန်မာနိုင်ငံ ​လုံခြုံရေးနဲ့ ​ပတ်သက်ပြီး ​ရဲ၊ ​စစ်တပ်နဲ့ ​ဒေသခံ ​လုံခြုံရေးအဖွဲ့အစည်းတွေ ​မျှဝေ ​ကိုင်တွယ်ရတဲ့အတွက် ​ဒီလို ​အတွေ့အကြုံဆန်းတွေမှာ ​တခါတရံ ​နားလည်မှု ​လွဲမှားတာ ​ဖြစ်နိုင်ကြောင်း ​ပြောပါတယ်။

မြန်မာ ​နိုင်ငံတွင်းမှာ ​လူ့အခွင့်အရေးကိစ္စတွေကို ​ကိုင်တွယ်ဖြေရှင်းရာမှာ ​ဒေသခံပြည်သူတွေ ​နဲ့ ​နိုင်ငံတကာ ​အသိုင်းအဝိုင်း ​အပါအဝင် ​အားလုံးကျေနပ်အောင်ဆောင်ရွက်ဖို့ ​ဆိုတာ ​ခက်ခဲ ​တဲ့ ​အကြောင်း ​ABC ​ကိုပြောပြခဲ့ပါတယ်။

တိုင်းရင်းသားပြန်လည်ပေါင်းစည်း ​ရေး ​ကိုဘဲ ​ပြောမလား ​လူ့အခွင့် ​အရေး ​ကိစ္စတွေ ​နဲ့ ​ပတ်သက်ပြီးပြောမလား ​အကြီးအကျယ်စွန့်စားမှု ​တွေ ​အန္တရယ်တွေ ​ရှိ ​တယ်လို့ ​မြန်မာ ​နိုင်ငံဆိုင်ရာ ​သံအမတ်ကြီး ​bronte ​Moules ​က ​ပြောပါတယ်။

အဲ့ဒါ့အပြင် ​ဒေါ်အောင်ဆန်းစုကြည်ရော၊ ​အစိုးရကပါ ​ရိုဟင်ဂျာအရေးကို ​သတိနဲ့ ​ကိုင်တွယ်နေတာဟာ ​အများပြည်သူတွေရဲ့ ​ဆန္ဒကြောင့် ​ဖြစ်မယ်လို့ ​သူ့အနေနဲ့ ​ယူဆတယ်လို့ ​ဆိုပါတယ်။

ရိုဟင်ဂျာအရေး ​ဖြေရှင်းဖို့ ​လိုလားကြပေမယ့် ​ဖြေရှင်းဖို့ ​ခက်ခဲကြတဲ့အကြောင်း ​ဒါပေမယ့် ​ခုအခါမှာ ​၁၉၈၂ ​ခုနှစ် ​နိုင်ငံသား ​ဥပဒေအတိုင်း ​ပြန်လည်ဆောင်ရွက်ပြီး ​ရိုဟင်ဂျာတွေ ကို ​နိုင်ငံသားပေး လိုက်ရင် ​ပြဿနာ ​လျော့ကျသွားမယ်လို့ ​ယူဆကြသူတွေ ​များတယ်လို့လည်း ​ပြောပြခဲ့ပါတယ်။
 
No comments :

Post a Comment

Blogger Widgets
Back to Top