Blogger Widgets

Friday, 28 June 2013

၂၀၁၃ - ၂၀၁၄ ခုနှစ် ဧပြီမှ မေလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် အခြေအနေ

၂ဝ၁၃-၂ဝ၁၄ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၄ဝ ဒသမ ၂ဝ သန်း၊ နယ်စပ်ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၁ ဒသမ ၄ဝ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၂၁၆ဝ သန်းဖြစ်ပြီး ပုံမှန်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၉၇ ဒသမ ၇၉ သန်း၊ နပ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၅ ဒသမ ၁၉ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ဝ၁၂ ဒသမ ၉၈ သန်း ဖြစ်သဖြင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ် မေလအတွက် စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၂၉၁ ဒသမ ၃၈ သန်း ဖြစ်ပေါ်ခဲ့သည်။
၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဧပြီလမှ မေလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ဝ၅ဝ ဒသမ ၉၇ သန်း၊ နယ်စပ် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၂၃ ဒသမ ၂၈ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၇၄ ဒသမ ၂၅ သန်းဖြစ်ပြီး ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၄၄ ဒသမ ၉၃ သန်း၊ နယ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၄၂ ဒသမ ၄၇ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၈၇ ဒသမ ၄ဝ သန်းဖြစ်သဖြင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဧပြီလမှ မေလအတွင်း စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၄၁၃ ဒသမ ၁၅ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့မှ လစဉ် တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေ အစီရင်ခံစာအရ သိရှိရကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top