Blogger Widgets

Wednesday, 5 June 2013

ထီကားနှင့်တိုက်မိ၍ လူတစ်ဦး သေဆုံး

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် မြို့အမှတ် (၅) ရပ်ကွက် သီရိဓမ္မာလမ်း (မြစိမ်းကန်)တွင် ယမန်နေ့ ညနေ ၃ နာရီ မိနစ် ၂ဝက မြတံခွန် အောင်သန်းဆု ထီလှည့်လည် ရောင်းသော ဂျစ်ကားအား နောက်ဆုတ်ရာမှ လူတစ်ဦး ထိခိုက် ဒဏ်ရာရရှိပြီး သေဆုံး သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘရိတ် မမိသော  ထီဂျစ်ကားကို ပြုပြင်ရန်   ကားမောင်းသူ တင်ကို ၄၉ နှစ် (ဘ) ဦးရွှေသည် ကားနောက်ဆုတ် မောင်းလာစဉ် ဒေါ်ခင်မာဝေ ၅၉ နှစ်(ဘ) ဦးဘဘီ နှင့် ဒေါ်မာမာသက် ၅ဝ နှစ်(ဘ) ဦးသောင်းဖေ တို့သည်   နေအိမ်ရှေ့ သစ်ဆိမ့်ပင်အောက်  ထန်းလက်ပက်လက် ကုလားထိုင် နှစ်လုံးနှင့် ထိုင်နေစဉ် ဝင်တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် ဒေါ်ခင်မာဝေမှာ  ကားနှင့် သစ်ဆိမ့်ပင်ကြား ညပ်လျက် နဖူးယာဘက် သုံးလက်မခန့် ပေါက်ပြဲချိုင့်ဝင် ဒဏ်ရာနှင့်   ယာနား သွေးထွက်၍  နှာခေါင်းသွေးထွက် ဒဏ်ရာများနှင့်  သေဆုံး သွားခဲ့ပြီး  ဒေါ်မိမိသက် မှာမူ ဝဲရင်အုံအောင့်ကာ   ခါးနာလျက် ယာလက်ပြင်အောင့် ဒဏ်ရာသာ ရရှိခဲ့ကြောင်း သိရသည်။
 ဖြစ်စဉ်နှင့် ပတ်သက်၍  ပခုက္ကူ မြို့မ ရဲစခန်းက တင်ကို ၄၉ နှစ် (ဘ) ဦးရွှေအား (ပ) ၁၅/၂ဝ၁၃ ပြစ်မှုပုဒ်မ ၃ဝ၄ (က) ၃၃၇ အရ  အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top