ဆိုးလ် မေ ၁၂
တောင်ကိုရီး မင်းသမီးချော ရှင်ဆေးဂျောင်သည် MBC ရုပ်သံမှ ရိုက်ကူးသည့် When a Man Loves ဇာတ်ကား ရိုက်ကွင်းတွင် မတော်တဆ မျက်စိထိခိုက် ခဲ့သည်ဟု သိရသည်။

When a Man Loves ဇာတ်လမ်းတွဲ အပိုင်း(၉)
ရိုက်ကူးရာ၌ ဆောင်ဆန်ဟွန်နှင့် ရီဂူဂျင်း တို့နှင့်အတူ သရုပ် ဆောင်နေစဉ်
ရှင်ဆေးဂျောင်သည် ပျဉ်ပြား တစ်ခုဖြင့် သူမ၏ မျက်စိကို ထိခိုက်မိခဲ့ပြီး
အရေးပေါ် ကုသမှုများ ခံယူ ခဲ့သော်လည်း သူမ၏ မျက်စိတွင် ပွန်းပဲ့ဒဏ်ရာ တစ်ခု
ရရှိခဲ့ပြီး သွေးများ ယိုစိမ့် လာခဲ့သည်။ ရှင်ဆေးဂျောင်က သူမ၏ မျက်စိ အခြေ
အနေမှာ သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရိုက်ကူးရေးကို ဆက်လက်
လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သော်လည်း ဇာတ်လမ်းတွဲ
အပိုင်း(၁၀)ကိုမူ အပြီး သတ်နိုင်ခြင်း မရှိပေ။ ရှင်ဆေးဂျောင်သည် မျက်စိ
ထိခိုက်မိသည့် အတွက် ဇာတ်လမ်းတွဲ ရိုက်ကူးရေး နှောင့်နှေး ခဲ့ရကြောင်း၊
ဆေးဝါး ကုသမှု ခံယူပြီးနောက် ရိုက်ကူးရေးကို ပြန်လည် စတင်မည် ဖြစ်ကြောင်း
သူမ၏ အေဂျင်စီ ဖြစ်သည့် Namoo Actors က ပြောကြား ခဲ့သည်ဟု သိရသည်

No comments :
Post a Comment