Blogger Widgets

Monday, 13 May 2013

မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စီး တာချီလိတ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့

ဆန်းဖား ခရီးသွားလုပ်ငန်းမှ ငှားရမ်း အသုံးပြုသည့် မြန်မာ့လေကြောင်းမှလေယာဉ်အမှတ် XY-AIA ATR-72အမျိုးအစား လေယာဉ်တစ်စီးသည်မေလ (၁၂) ရက်နေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် တာချီလိတ်-လားရှိုး ခရီးစဉ်အတိုင်း လားရှိုးသို့ထွက်ခွာလာရာ လက်ဝဲဘက် အင်ဂျင်ပါဝါကျသဖြင့် နေ့လည် ၂ နာရီခန့်တွင် တာချီလိတ်လေဆိပ်သို့ အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။

လေယာဉ်ကလားရှိုးကိုသွားနေရင်း လမ်းမှာအင်ဂျင်တစ်လုံးပါဝါကျလို့ တာချီလိတ်ကိုပြန်ပြီးဆင်းခဲ့တာပါ၊ ဘယ်သူမှ အထိအခိုက်မရှိပါဘူး၊ လားရှိုး သွားမယ့် ခရီးသည်အယောက် ၂၀ ကိုလည်း AsiaWin လေေ ကြာင်း နဲ့ ညနေ ၃ နာရီမှ လားရှိုးကိုပို့ပေး လိုက်ရပါတယ်။ အခုလဲ ရန်ကုန်ကအင်ဂျင်နီယာတွေေ ရာက်နေ ပါပြီ၊ လေယာဉ်ကိုပြင်ဆင်နေပါတယ်ဟု လေဆိပ်မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်

No comments :

Post a Comment

Blogger Widgets
Back to Top