Blogger Widgets

Wednesday 29 May 2013

ပြည်တွင်းကို အသစ်ဝင်ရောက်လာတဲ့ အံ့မခန်း ကင်မရာ အရည်အသွေးနဲ့ i-mobile IQ X စမတ်ဖုန်း

ပြည်တွင်းဈေးကွက်ထဲကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ i-mobile IQ X စမတ်ဖုန်း ဝင်ရောက်လာခဲ့ပါပြီ။ i-mobile IQ X မှာ ဘယ်စမတ်ဖုန်းမှာမှ အတွေ့ဖူးသေးတဲ့ ထူးခြားချက်တွေ ပါဝင်ပါတယ်။ အဓိကကတော့ ကင်မရာပေါ့။ နောက်ကင်မရာ အရည်အသွေးက 18 Megapixels ရှိပါတယ်။ ပရောက်ဖက်ရှင်နယ်သုံး ကင်မရာကြီးတွေမှာ အသုံးပြုလေ့ရှိတဲ့ BSI Sensor ကို ထည့်သွင်း တပ်ဆင်ထားပါတယ်။ အံ့အားသင့်စေတဲ့ အရာက 8 Megapixels ရှိတဲ့ ရှေ့ကင်မရာပါပဲ။ BSI Sensor ကို ထပ်မံ အသုံးပြုထားပါတယ်။ ၂၀၁၃ ခုနှစ် အတွင်းမှာ အသစ် ထွက်ရှိလာတဲ့ စမတ်ဖုန်းတွေရဲ့ အဓိက ကင်မရာကိုတောင်မှ 8 Megapixels ပဲ အသုံးပြုကြတာပါ။ IQ X မှာ ရှေ့ 8 Megapixels နဲ့ နောက် 13 Megapixels ကင်မရာတွေကို တပ်ဆင်ထားခြင်းက ကင်မရာပိုင်းမှာ ပြိုင်ဘက်မရှိလောက်အောင် ဖြစ်စေပါတယ်။ လက်တွေ့ စမ်းသပ် လေ့လာကြည့်လိုက်တဲ့ အခါမှာတော့ IQ X မှာ နောက်ကင်မရာကို 18 Megapixels အသုံးပြုထားပေမယ့်လည်း 8 Megapixels ကင်မရာရဲ့ ပုံထွက် Resolution ထက် လျော့နည်းတာကို တွေ့ရပါတယ်။ ဆိုလိုတာကတော့ IQ X ရဲ့ ကင်မရာက Pixels အပြည့်အဝ မထောက်ပံပေးနိုင်ဘူး ဆိုတာပါပဲ။ ကင်မရာတွေမှာ Megapixels အရည်အသွေး မြင့်မားပေမယ့်လည်း ပုံထွက် အရည်အသွေး မမြင့်မားနိုင်ဘူးဆိုတာ သိသာစေခဲ့ပါတယ်။
မျက်နှာပြင် အရည်အသွေးကို ကြည့်မယ်ဆိုရင် ၄.၇ လက်မ HD IPS မျက်နှာပြင် စွမ်းဆောင်ရည်ရှိပါတယ်။ မျက်နှာပြင် အကြမ်းခံနိုင်မှုမှာ ရှေ့ပြေးဖြစ်နေတဲ့ Gorilla Glass ကိုလည်း တပ်ဆင်ထားပါတယ်။ မည်းနက်လှတဲ့ ကိုယ်ထည်နဲ့ Apps များ ဖော်ပြပုံ အသွင်အပြင်က Huawei ဖုန်း ဒီဇိုင်းနဲ့ ဆင်တူပြီး ဖုန်းရဲ့ ဘေးပတ်လည်ကို Frame ကွပ်ပေးထားတဲ့ ပုံစံက iPhone ဒီဇိုင်းနဲ့ ဆင်တူနေပြန်ပါတယ်။ ပါးလွှာပြီး အနည်းငယ် ရှည်လျားတဲ့ ဒီဇိုင်းပုံစံက စွဲမက်စရာပါ။ ပါးမှုပိုင်းမှာတော့ iPhone 5 ထက်တောင် အနည်းငယ် သာပါသေးတယ်။ 1.2GHz Quad-Core Processor နဲ့ 1 GB RAM တို့က IQ X ကို အဆင့်မြင့်စွမ်းရည် ရရှိစေပါတယ်။ Android ရဲ့ နောက်ဆုံးထုတ်ဗားရှင်း ဖြစ်တဲ့ 4.2.1 ကို အသုံးပြုထားပါသေးတယ်။ Bluetooth ရဲ့ မြန်နှုန်းကလည်း 4.0 အထိ ရရှိနိုင်ပါတယ်။ မြန်မာဖောင့်ကို ထည့်သွင်းပေးထားပြီး Setting တွေကအစ မြန်မာဖောင့်နဲ့ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဆင်းကဒ်နှစ်ကဒ်ကို တပြိုက်နက်တည်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံထုတ် မိုဘိုင်း Brand အမျိုးအစားဖြစ်တဲ့ i-mobile မှ IQ X ပထမတန်းစား စမတ်ဖုန်းကို မေလ ၉ ရက်နေ့က ကမ္ဘာ့ဈေးကွက်ကို စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ ယခုအခါမှာတော့ i-mobile ရဲ့ မြန်မာပြည် တရားဝင် ကိုယ်စားလှယ် RS Mobile မှ မေလ ၂၁ ရက်နေ့က စပြီး ပြည်တွင်းမှာ စတင်ဖြန့်ဖြူး ရောင်းချနေပါပြီ။ အခုလို အသစ်သစ်သော မိုဘိုင်းဖုန်းတွေကို ပြည်တွင်းမှာ ဝယ်ယူနိုင်ခြင်းက ဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်။ i-mobile ရဲ့ ထုတ်လုပ်ခဲ့သမျှ စမတ်ဖုန်းတွေထဲမှာ IQ X က စံချိန်တင်လောက်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ရှိတဲ့ ပထမဆုံး စမတ်ဖုန်း တစ်လုံးပါ။ ဈေးနှုန်းကလည်း ၃ သိန်းကျပ်ဝန်းကျင်ဆိုတော့ အဆင့်မြင့်တန်းဝင် စမတ်ဖုန်းအတွက် သင့်တင့်တဲ့ ဈေးနှုန်းလို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် အလန်းဆုံး စမတ်ဖုန်းတစ်လုံးကို Smart ပရိသတ်ကြီး ခံစားကြည့်ရှုနိုင်ဖို့အတွက် ဒီတစ်ပတ် Editor’s Choice အဖြစ် ရွေးချယ် တင်ပြလိုက်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top