Blogger Widgets

Monday 13 May 2013

ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့် ရန်ကုန်မြို့မှာ ကော်ဖီဆိုင် ဖွင့်ပြီ – Former Spy Chief Khin Nyunt runs a coffee shop

မေ ၁၂၊ ၂ဝ၁၃
ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့်သည် သစ်ခွခြံရှိသော ၎င်း၏နေအိမ်တွင် အဆောက်အအုံ ၄ ခု ထပ်မံဆောက်လုပ်ကာ  ယမန်နေ့က စတင်ပြီး ကော်ဖီဆိုင်၊ ပန်းချီပြခန်း၊ အနုပညာပစ္စည်းဆိုင်တို့ကို ဖွင့်လိုက်ပြီဖြစ်ကြောင်း  The Voice ဂျာနယ် Facebook စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရှိရသည်။
“ကော်ဖီအမျိုးမျိုး အပြင် သစ်သီးဖျော်ရည်၊ ချောကလက်၊ ကိုကာကိုလာ တို့ကဲ့သို့သော အချိုရည်တို့ကိုလည်း ဝယ်ယူနိုင်သည်။ ဘီယာနှစ်မျိုးလည်း ရသည်။ တိုက်ဂါးနှင့် မြန်မာ။ ဈေးကား များစွာမမြင့်။ ရန်ကုန် မြို့တော်ရှိ Aroma ကဲ့သို့သော ကော်ဖီ ဆိုင်ဈေးနှုန်းခန့်ပင် ရှိသည်” ဟု The Voice ဂျာနယ်က ရေးထားသည်။
ယမန်နှစ်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဦးခင်ညွန့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မည် ဟူသော သတင်း စာနယ်ဇင်းများတွင် ဖော်ပြခဲ့ခြင်း မရှိပေ။
မြန်မာစစ်ဗိုလ်ချုပ်တို့၏ စီးပွားရေးလုပ်ငန်းအများအပြားနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားကြသကဲ့သို့ ဖြစ်နေသော်လည်း ဗိုလ်ချုပ်ဟောင်းခင်ညွန့်၏ စီးပွားရေး လုပ်ငန်းမှာမူ အစပြုသည်နှင့် မီဒီယာတွင် ဖော်ပြလာကြသည်ကို တွေ့မြင်နေရသည်။
လက်ဘက်ရည်ဆိုင်ယဉ်ကျေးမှု ထွန်းကားသော မြန်မာနိုင်ငံတွင်  တန်ဘိုးကြီးကော်ဖီ ရောင်းချသည့်  ကော်ဖီဆိုင် အများအပြား ပေါ်ပေါက်နေသည်ကို တွေ့ရပြီး အများစုမှာ မြို့တော်ကြီးများတွင် ဖွင့်လှစ်ထားကြသည်

No comments :

Post a Comment

Blogger Widgets
Back to Top