Blogger Widgets

Monday 13 May 2013

ကျွန်မဘ၀..ရန်ကုန်ည

ချုပ်ညနေရီ
ကိုယ်စီ အလုပ်သိမ်းလို့
စိတ်လက်ပေါ့ပါး အိမ်ပြန်ဖို့ပြင်
မနက်ပိုင်း ခြယ်သထားသော
မိတ်ကပ်များ ချွေးဖြင့်စွန်းကွက်…။
အင်း..အိပ်ယာထမှ
ငါ့ဘ၀က
နေ့နဲ့ ညမှားယွင်း
ကိုယ်လက်သန့်စင်
ဝင်သမျှလေးစားထား
မျက်နှာခြယ်သ (အပေါစားမိတ်ကပ်ဖြင့်)
တိုနိုင်သမျှတို
ကြပ်နိုင်သမျှကြပ်
စကပ်ဟောင်းထဲက..တစ်ထည်ရွေးဝတ်…။
ဟန်းဖုန်း လက်ကကိုင်
စတိုင်ကတော့အမိစားထဲက
အနှစ်မဲ့တဲ့..စလင်းဘက်လွယ်
အိုကွယ်..ဒီညလဲကြုံသလိုပေါ့..။
လူတကာအလုပ်သိမ်းချိန်
ကိုယ်ကအလုပ်ရှာထွက်
ဖုန်းလေးက Ring tone ဘယ်ချိန်မြည်မလဲ
မမြည်လဲနေ..
ထိုင်နေကျ (……………) ကာရာအိုကေခန်း
ပေါင်းထားသော ၀ိတ်တာလေးများ
အားကိုးပါရစေ..။
မနေ့က လို
ငါးပွက်ရာ ငါးစာချပေမဲ့
ငါးမရတော့..ရေချိုးပြန်စရာမရှိည
အိုရှင်..ဒီညမဖြစ်ပါရစေနဲ့…။
……………………………………………………
(ကျွန်တော် စာနာမိသော..အကြွေပန်းလေးများသို့..)
ချုပ်ညနေရီ
ကိုယ်စီ အလုပ်သိမ်းလို့
စိတ်လက်ပေါ့ပါး အိမ်ပြန်ဖို့ပြင်
မနက်ပိုင်း ခြယ်သထားသော
မိတ်ကပ်များ ချွေးဖြင့်စွန်းကွက်…။
အင်း..အိပ်ယာထမှ
ငါ့ဘ၀က
နေ့နဲ့ ညမှားယွင်း
ကိုယ်လက်သန့်စင်
ဝင်သမျှလေးစားထား
မျက်နှာခြယ်သ (အပေါစားမိတ်ကပ်ဖြင့်)
တိုနိုင်သမျှတို
ကြပ်နိုင်သမျှကြပ်
စကပ်ဟောင်းထဲက..တစ်ထည်ရွေးဝတ်…။
ဟန်းဖုန်း လက်ကကိုင်
စတိုင်ကတော့အမိစားထဲက
အနှစ်မဲ့တဲ့..စလင်းဘက်လွယ်
အိုကွယ်..ဒီညလဲကြုံသလိုပေါ့..။
လူတကာအလုပ်သိမ်းချိန်
ကိုယ်ကအလုပ်ရှာထွက်
ဖုန်းလေးက Ring tone ဘယ်ချိန်မြည်မလဲ
မမြည်လဲနေ..
ထိုင်နေကျ (……………) ကာရာအိုကေခန်း
ပေါင်းထားသော ၀ိတ်တာလေးများ
အားကိုးပါရစေ..။
မနေ့က လို
ငါးပွက်ရာ ငါးစာချပေမဲ့
ငါးမရတော့..ရေချိုးပြန်စရာမရှိည
အိုရှင်..ဒီညမဖြစ်ပါရစေနဲ့…။
……………………………………………………
(ကျွန်တော် စာနာမိသော..အကြွေပန်းလေးများသို့..)

No comments :

Post a Comment

Blogger Widgets
Back to Top