Blogger Widgets

Sunday 5 May 2013

ပြည်တွင်း မိုးလေဝသ သတင်း (၅-၅-၂၀၁၃)

ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် တိမ် ထူထပ်နေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလား ပင်လယ်အော် တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်း နေပါသည်။
မနက်ဖြန် ညနေအထိ ခန့်မှန်းချက်
စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာ ကွက်ကျား မိုး ထစ်ချုန်း ရွာနိုင်ပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းမည်။ ရွာရန် ရာနှုန်း (၆ဝ) ဖြစ်ပါသည်။
နောက် နှစ်ရက် အတွက် ခန့်မှန်းချက်။ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် မိုး ဆက်လက် ထစ်ချုန်း ရွာမည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မိုးလေဝသ အခြေအနေ
နေပြည်တော်တွင် အမြင့်ဆုံး အပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်၊ အနိမ့်ဆုံး အပူချိန် ၂၃ ဒသမ ၅  ဒီဂရီ စင်တီဂရိတ် ဖြစ် ပြီး နေပြည်တော်၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့ တို့တွင် နေရာကွက်ကျား မိုး ထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆ဝ) ဖြစ်ပါသည်

No comments :

Post a Comment

Blogger Widgets
Back to Top