Blogger Widgets

Tuesday 21 May 2013

တွံတေး-ဒလ ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ ခရီးသည် ၁၅ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၀။

တွံတေး-ဒလ ကားလမ်းပေါ်တွင် ယမန်နေ့ည ၈ နာရီခန့်တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့၍ ခရီး သည် ၁၅ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တွံတေးမြို့နယ်ရဲစခန်းမှ သိရသည်။

“တွံတေးဆေး ရုံကို ခရီးသည် (၁၅)ဦး ပို့ထားတာ၊ အခုတော့ ရန်ကုန်ဆေးရုံကို ရှစ်ဦး လွဲပြောင်းပေး ထား တယ်”ဟု တွံတေးမြို့ နယ် ရဲစခန်းမှ ဒုရဲအုပ်သန်းဌေးက ပြောကြားသည်။

တွံတေး-ဒလကားလမ်း ဘုရားငုတ္တိုရွာအနီးတွင် ဟိုင်းလတ်ကား အဖြူရောင်သည် ဒလမှ ဘုရားကြီးကျေး ရွာသို့ သွား စဉ် ရှေ့ဘီးပေါက်၍ လမ်းဘေးရှိ သစ်ပင်ကိုဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက် လက် ပြောကြား သည်။

တွံတေး-ဒလ ကားဂိတ်မှူး ကိုသက်နိုင်က “ကားပေါ်မှာ ခရီးသည်(၂၀) လောက်ပါမယ်ထင်တယ်။ ကား ဆရာ ကိုတော့ ရဲစ ခန်းက ထိန်းသိမ်းထားတယ်”ဟု ပြောကြားသည်။

ယာဉ်မောင်အား ပုဒ်မ (၃၃၇/၃၃၈)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ်ရဲစခန်းမှ သိရ သည်

No comments :

Post a Comment

Blogger Widgets
Back to Top