Blogger Widgets

Thursday 9 May 2013

သ၇ဲနီနည်းပြသစ်ခန့် အပ်

    မန်ချက်စတာ ယူနိုက်တက် အသင်း နင့် အောင်မြင်မှု တွေအလီလီ ဆွတ်ခူး နိုင်ခဲ့သည့် ပရီးမီးယားလိဂ် ဧ။် သက် တော်ရှည် နည်းပြ ကြီး ဆာအဲလက်စ် ဖာဂူဆန် တစ်ယောက် နစ်ပေါင်း ၂၇ နစ် ကြာ တာဝန် ယူ ခဲ့သည့် ယူနိုက်တက် နည်းပြ ရာထူး မှ အပြီးပိုင် အနားယူတော့မည် ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် ၀က်ဘ်ဆိုဒ် မှ ယနေ့  တရားဝင် ကြေငြာ ချက် ထွက်လာတော့မည် ဆိုသည့် သတင်း ထွက်ပေါ်လာချက်ချင်း သူဧ။် နေရာ အား လက်ရှိ မာဆေးဆိုဒ် ကလပ် အဲဗာတန် အသင်း ဧ။် နည်းပြ စကောသား ဒေးဗစ် မိုယက်စ် အား ခန့် အပ်လိုက်ပြီ ဖြစ်ကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်မှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
       ရာသီ အစကတည်းက ရာသီ ကုန်လျှင် မန်နေဂျာ ဘ၀ မှ အနားယူ နိုင်ကြောင်း အရိပ်မြွတ် ပြောကြားထား သည့် အချိန် တွင် မာဆေးဆိုဒ် ကလပ် ဘုတ်အဖွဲ့  ၀င်များ ဧ၊် သက်တမ်းတိုးစာချုပ်အား ငြင်းပယ်လိုက်သည့် စကော့ လူမျိုး ဒေးဗစ်မိုယက်စ် တစ်ယောက် ယူနိုက်တက် နည်းပြ ဖြစ်လာရန် ရေပန်းစားလာခဲ့ပြီး မာဆေးဆိုဒ် ကလပ် နင့် သူဧ၊်အနာဂတ် သည်လည်းေ၀၀ါးခဲ့သည်။
       မာဆေးဆိုဒ် ကလပ် အတွက် နစ်ပေါင်း ၁၁ နစ်ကျော် တာဝန် ထမ်းဆောင် ခဲ့ ( ထမ်းဆောင်ဆဲ ) ဖြစ်သည့် ဒေးဗစ် မိုယက်စ် သည်  ဖာဂူဆန် နင့် အာဆင်ဝင်းဂါး ပြီးလျှင် လက်၇ှိ ပရီးမီးယားလိဂ် တွင် တစ်သင်းတည်းတွင် သက်တမ်း အရှည်ဆုံး နည်းပြ ဖြစ်သည့် အားလျှော်စွာ ... မန်ချက်စတာ ယူနိုက်တက် အား နည်းပြကြီး ဖာဂူဆန် နေရာအတွက် ရေတို လတ်တလော အောင်မြင်မှု ထက် အသင်းအား စိတ်ေ၇ာကိုယ်ပါ မြုပ်နှံ တည်ဆောက် နိုင်မည့် နည်းပြ တစ်ယောက်အား အသင်းဘုတ်အဖွဲ့  ၀င်တွေ နင့် အားပေးသူ ပရီတ်သတ် များက ပါ အလိုရှိနေကြရာ ၄င်း နေရာအတွက် အံဝင်ဂွင်ကျ အဖြစ်ဆုံး မိုယက်စ် အား ပစ်မှတ် ထားနေကြခြင်း ဖြစ်သည်။ The Telegraph သတင်း စာနင့် အခြား သတင်းစာ အများအပြား က နည်းပြ ကြီး ဖာဂူဆန် နေရာအား ဒေးဗစ်မိုယက်စ် နင့် အစားထိုး ခန့် အပ်ပြီး ကြောင်း ဖော်ပြထားသော်လည်း ယူနိုက်တက်  အသင်းဝဘ်ဆိုဒ် က တော့ ၄င်း သတင်းအား ထုတ်ပြန် ထား ခြင်း မရှိသေးပေ

No comments :

Post a Comment

Blogger Widgets
Back to Top