Blogger Widgets

Wednesday 29 May 2013

ပစိဖိတ်ဒေသတွင်း စီးပွားရေး ကျဆင်းနိုင်လို့ ပညာရှင်ပြော

ပစိဖိတ်ဒေသတွင်းက ​စီးပွားရေးကုန်ဈေးနှုန်းကျဆင်းမှုတွေဖြစ်လာနိုင်တယ်လို့ ​ဒေတွင်းဆိုင်ရာ ​စီးပွားရေးပညာရှင်တဦးက ​သတိပေးလိုက်ပါတယ်။
ကမ္ဘာ့စီးပွားရေး ​ကျဆင်းမှုကြောင့် ​ပြီးခဲ့တဲ့ ​သုံးလလောက်က ​ရွှေဈေးတွေကျခဲ့သလို ​ကြေးနီ၊ ​စားအုန်းဆီ၊ ​ကော်ဖီ၊ ​သကြားနဲ့ ​ကိုကိုးမှုန့်တွေလည်း ​ဈေးနှုန်းကျဆင်းခဲ့ပါတယ်။
အခု ​စီးပွားရေးကျဆင်းမှုဒဏ်ကို ​ဒေသတွင်းတခုလုံးက ​ခံစားရမယ်လို့ ​ANZ ​ဘဏ်က ​အာရှ ​ပစိဖိတ်ဆိုင်ရာ ​စီးပွားရေး ​ပညာရှင်ဖြစ်တဲ့ ​Dan ​Wilson ​က ​ရေဒီယိုသြစတြေးလျကို ​ပြောပြခဲ့ပါတယ်။
စီးပွားရေးကျဆင်းမှုတွေဖြစ်လာရင် ​တွင်းထွက်ကုန်ပစ္စည်းအများစု ​တင်ပို့တဲ့နိုင်ငံတွေကတော့ ​ပိုမိုထိခိုက်မှုရှိမှာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအတွက်ကြောင့် ​ပါပူဝါ ​နယူဂီနီနဲ့ ​ဆော်လမွန်ကျွန်းနိုင်ငံတို့မှာ ​ရွှေနဲ့သတ္တုဈေးနှုန်းကျဆင်းမှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒေသတွင်းက ​ဆာမိုအာ၊ ​တွန်ဂါနဲ့ ​ဖီဂျီလိုကျွန်းတွေမှာတော့ ​စိုက်ပျိုးရေးဆက်စပ်ကုန်ပစ္စည်းတွေရဲ့ ​ကုန်ဈေးနှုန်းကျဆင်းမှုဒဏ်တွေကို ​ခံရမှာဖြစ်တယ်လို့ဆိုပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top